ရန်ကုန် ၊ မေ ၁၀
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က ဒေသန္တရစီမံကိန်းများသတ်မှတ်ပေးပြီးဖြစ်သည့်အတွက် တာဝန်ရှိဌာနဆိုင်ရာ၊ ရပ်ကွက်ကျေးရွာများအနေဖြင့် ကြီးကြပ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း သတ်မှတ်ဘဏ္ဍာနှစ်အတိုင်း စီမံကိန်းလုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်ဆွေးနွေးမှာကြားသည်။
ထို့နောက် သန်လျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ရပ်ကွက်ကျေးရွာများမှတာဝန်ရှိသူများအား စီမံကိန်းတာဝန်ပေးအပ်လွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များကပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment