မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၌ ပန်းခင်း စီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကွင်းဆင်းကောက်ယူနေမှုကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၌ ပန်းခင်း စီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကွင်းဆင်းကောက်ယူနေမှုကြည့်ရှုအားပေး




မော်လမြိုင် ၊  မေ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ပေးနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဒေသခံပြည်သူများအတွက် ဆောင်ရွက်ပြီးစီးပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၁) ကတ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဒေသခံပြည်သူများထံသို့ အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောကြားခဲ့သည်။

အဆို ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မော်လမြိုင်မြို့နယ်ရှိ နိုင်ငံသားစိစစ်ရေးကတ် (၁၃၀၄) ဦး၊ Biographic/ Biometric Data(UlD) ကောက်ယူသူ(၂၂၀)ဦးတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)