EV သုံးစွဲမှုမြင့်တက်လာပြီဖြစ်ရာ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး အသိပညာပေးပွဲများဆောင်ရွက်ရန် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EV သုံးစွဲမှုမြင့်တက်လာပြီဖြစ်ရာ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး အသိပညာပေးပွဲများဆောင်ရွက်ရန် မှာကြား


နေပြည်တော်၊ မေ ၆

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂ ရက် နံနက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ ရောက်ရှိခဲ့ပြီး EV အလုပ်ရုံအတွင်း ကြည့်ရှုစစ်ဆေးရာ နိုင်ငံတော်တွင် EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာပြီဖြစ်ရာ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးပွဲများ၊ EV ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းများကို ဆက်စပ်ဌာနများ၊ နိုင်ငံတကာနှင့် ပြင်ပ EV အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခေတ်မီစာကြည့်တိုက်ဖြစ်စေရေးနှင့် ဆရာနှင့် ကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရေး အလေးထားဆောင်ရွက်သွားရန်မှာကြားပြီး နည်းပညာနှင့် သုတ၊ ရသစာအုပ်များကို လှူဒါန်းကာ ကျောင်းဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဂျပန် - မြန်မာ အောင်ဆန်းသက်မွေးပညာသင်ကျောင်း (JMASVTI) သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆက်စပ်ဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ MSME မြှင့်တင်ရေးနှင့် မော်တော်ယာဉ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံ့လူငယ်များကို နည်းပညာအရည်အသွေးပြည့်မီရေးအပြင် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့အကျိုးပြုလူချွန်လူကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် မြေတောင်မြှောက်ပေးသွားရန်၊ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ လက်တွေ့ကျကျ ဖန်တီးနိုင်ရေးအတွက် စံနှုန်းများပြည့်မီသော ပုံမှန်နှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အသစ်တည်ဆောက်ပြီးဖြစ်သော ပင်မဆောင်အတွင်း မြေညီထပ်ရှိ စာကြည့်တိုက်၊ စုဝေးခန်းမ၊ လျှပ်စစ်အလုပ်ရုံနှင့် ရှေးဦးသူနာပြုစုခန်းတို့တွင် လည်းကောင်း၊ ပထမထပ်ရှိစာသင်ခန်းများ၊ ပုံဆွဲခန်း၊ သိပ္ပံလက်တွေ့ဓာတ်ခွဲခန်း၊ ကွန်ပျူတာခန်းနှင့် တိုင်းတာရေးအလုပ်ရုံ၊ ပင်မဆောင်အပြင်ဘက်ရှိ ရေသိုလှောင်ကန်နှင့် ကန်တင်း ဆောက်လုပ်ဆဲ နေရာတို့တွင်လည်းကောင်း၊ မော်တော်ယာဉ် နည်းပညာအလုပ်ရုံ (Automotive Technology Workshop) တွင် လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)