ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာ - တရုတ်(ကျန်းစု) ကုန်သည်များအသင်း (MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE) တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအား လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာ - တရုတ်(ကျန်းစု) ကုန်သည်များအသင်း (MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE) တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအား လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း


နေပြည်တော်၊ မေ ၁၀

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ငလျင် ဘေးသင့် ဝန်ထမ်းများအတွက် လျှပ်စစ်ရေနွေးအိုး၊ လေအေးပေး ပန်ကာ၊ ဆိုလာမီးလုံး၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စသည့် လူသုံးကုန်ပစ္စည်းအမျိုးအစားရှစ်မျိုးကို ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံး အမှတ် (၁) သို့ လာရောက်လှူဒါန်းသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့ကို ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လာရောက် လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းက ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် အလှူငွေများ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)