နေပြည်တော်၊ ဇွန် ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘက်မြို့အနီး၌ အိန္ဒိယလေ ကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ ပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် အိန္ဒိယလေကြောင်းလိုင်း Al-171 သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ အမီဒါဘတ်မြို့အနီး၌ ပျက်ကျခဲ့ပြီး လူအများအပြား အသက် ဆုံးရှုံးခဲ့ရသည်ကို သိရှိရသည့်အတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါ ကြောင်း၊ ယခုကဲ့သို့ ဝမ်းနည်းပူဆွေးရသည့်အချိန်ကာလတွင် မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် အိန္ဒိယပြည်သူများထံသို့ ဝမ်းနည်း ကြောင်းနှင့် စာနာထောက်ထားကြောင်းကို ဖော်ပြအပ်ပါကြောင်း၊ ယခုကဲ့သို့ ဆိုးရွားသည့် မတော်တဆဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ၎င်းတို့၏ မိသားစု ဝင်များနှင့် ထိခိုက်ခံစားရသူအားလုံးအတွက် မိမိတို့အနေဖြင့် သတိရအောက်မေ့၍ ဆုမွန်ကောင်းများ ပို့သလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဝမ်းနည်းပူဆွေးရသည့် အချိန် တွင် မြန်မာနိုင်ငံက အိန္ဒိယသမ္မတနိုင်ငံနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်လျက် ရှိပါကြောင်းနှင့် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းဖြင့် ဖော်ပြပါရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment