နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Belmed preparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Belmed preparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာ







နေပြည်တော်၊ ဇွန်  ၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိBelmedpreparaty ဆေးဝါး စက်ရုံသို့ သွားရောက်လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် Belmed preparaty ဆေးဝါးစက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu နှင့် စက်ရုံမှတာဝန် ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံရှေ့၌ပြသထားသည့် ဆေးကုသရေးအထောက်အကူပြု မော် တော်ယာဉ်များအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသ မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် စက်ကိရိယာများပြခန်း တို့အတွင်း ခင်းကျင်းပြသ ထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး နှင့် အဖွဲ့ဝင်များ သည် ဆေးဝါးစက်ရုံ အစည်းအဝေးခန်းမအတွင်းတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ် သည့် ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြု သွားနိုင်မည့်အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ အသေးစိတ်ဆက်လက်ဆွေးနွေး ဆောင်ရွက်သွား မည့်အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး တို့သည် လက်ဆောင်ပစ္စည်း များ အပြန်အလှန်လဲ လှယ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံအတွင်း လှည့်လည်၍ ဆေးဝါး ထုတ်လုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ Belmed preparaty ဆေးဝါးစက်ရုံသည် Minsk မြို့တွင်တည်ရှိပြီး ဝန်ထမ်းပေါင်း ၂,၁၀၀ ကျော်ရှိသည့် ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးဆေးဝါး ထုတ်လုပ် သည့် စက်ရုံတစ်ခုဖြစ်ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)