အမေရိကန်- အီရန် တင်းမာမှုကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံက သံရုံးမိသားစုဝင်တွေကို ပြန်ခေါ်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်- အီရန် တင်းမာမှုကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံက သံရုံးမိသားစုဝင်တွေကို ပြန်ခေါ်နေပြီ


ဇွန် - ၁၂ ( ကြာသပတေးနေ့ ) 

အမေရိကန်သည် အီရန်နှင့် တင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် အရှေ့အလယ်ပိုင်းရှိ ၎င်း၏သံရုံးများနှင့် စစ်အခြေစိုက်စခန်းများမှ မလိုအပ်သော ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များကို စတင် ရွှေ့ပြောင်းနေတယ်လို့ သတင်းရထားပါတယ်။ တီဟီရန်အစိုးရက စေ့စပ်ညှိနှိုင်းမှုများကို “နှေးကွေးစွာ လျှောက်လှမ်းနေတယ်”လို့ ကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ စွပ်စွဲမှုနောက်ပိုင်း အခုလို လှုတ်ရှားမှုတွေ စတင်နေတာပါ။  

"ကျနော်တို့ရဲ့ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံပြီး အီရတ်မှာရှိတဲ့ မစ်ရှင်တွေကို ကျနော်တို့ စပြီးလျှော့နေပါပြီ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် မီဒီယာသို့ အီးမေးလ်ပေးပို့သော ကြေညာချက်တွင် ပြောကြားခဲ့ပါတယ်။ ကူဝိတ်နှင့် ဘာရိန်းရှိ သံရုံးများတွင် ဆန္ဒအလျောက် ထွက်ခွာခွင့်ကိုလည်း ခွင့်ပြုထားကြောင်း အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ 

ပင်တဂွန်စစ်ဌာနချုပ်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ စစ်စခန်းများမှ မိသားစုဝင်များ၏ ထွက်ခွာခွင့်ကိုလည်း အလားတူ အတည်ပြုခဲ့ပါတယ်။ "CENTCOM သည် ကမ္ဘာတစ်ဝှမ်းရှိ မည်သည့် မစ်ရှင်အရေအတွက်ကို မဆို အချိန်မရွေး ပံ့ပိုးကူညီရန် အဆက်မပြတ် အဆင်သင့်ရှိနေစေရန် ကျနော်တို့ရဲ့ နိုင်ငံခြားရေးဌာန၊ ဒေသတွင်းရှိ ကျနော်တို့ရဲ့ မဟာမိတ်များ၊ မိတ်ဖက်များနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်" လို့ ကာကွယ်ရေးအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 

ဝါရှင်တန်ပို့စ်၏ အဆိုအရ အစ္စရေးသည် အမေရိကန်၏ သဘောတူညီချက်မရှိဘဲ အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်မည်ကို အမေရိကန်ထောက်လှမ်းရေးအရာရှိများက စိုးရိမ်နေကြပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရုံးကတော့ ထရမ့်ရဲ့ ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုများကို သတင်းအတုအဖြစ် ပြီးခဲ့တဲ့က ဆိုခဲ့ပါတယ်။ 

အီရန်သည် နျူကလီယားလက်နက်ကို ရှာဖွေနေခြင်းမဟုတ်ကြောင်း၊ အမေရိကန်၏ စစ်သွေးကြွမှုသည် မတည်မငြိမ်ဖြစ်မှုကိုသာ လောင်စာဖြစ်စေသည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က အိတ်စ်မီဒီယာမှာ ဖော်ပြခဲ့သလို အီရန်ကာကွယ်ရေးဝန်ကြီး အဇစ်နာဆာဇာဒက် က အီရန်ကို တိုက်ခိုက်လာပါက ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းအားလုံးကို ပစ်မှတ်ထားပစ်မယ်လို့ သတိပေးထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)