လူငယ်တွေကို သေတွင်းထဲ တွန်းပို့နေကြတုန်းပဲလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်တွေကို သေတွင်းထဲ တွန်းပို့နေကြတုန်းပဲလား


တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ လိုတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ လိုတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ဆိုရင် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင် ဆောင်ရွက်ရမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းပါမှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက်ကင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှုအခြေအနေကို ပြန်လည်ဆန်းစစ်ကြည့်ရင် ၂၀၂၁ မှ ၂၀၂၅ နှစ်အထိ အားကောင်းနေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့များထဲမှာ ဆယ်ကျော်သက်အရွယ် လူငယ်တွေ လူညွန့်တုံးခဲ့ရတယ်။ အကြမ်းဖက်အဖွဲ့ထဲရောက်ပြီး အရိုင်းစိတ် ဝင်သွားတဲ့ လူငယ်တွေမှာ ကိုယ့်ဆရာ/ ဆရာမ၊ ကိုယ့်ဆွေမျိုးသားချင်းပါမချန် ငါနဲ့မတူ ငါ့ရန်သူလိုသဘောထားပြီး ရိုင်းစိုင်း ရမ်းကားအောင် နိုင်ငံရေးလုပ်စားသူတွေက မှိုင်းတိုက်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ အနာဂတ် လူငယ်တွေရဲ့ လုပ်ရပ်ဟာ အင်မတန် အော့နှလုံးနာစရာ လုပ်ရပ်တွေ ဖြစ်ခဲ့တယ်။ ဒီလို အခြေအနေမျိုးရောက်အောင် NLD ဦးဆောင်သူတွေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်အမည်ခံ ပြည်ဖျက်မိစ္ဆာများက နိုင်ငံရေးမှိုင်းတိုက်ပြီး တိုင်းပြည်ကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်ဆီးခြင်းပဲ ဖြစ်ပါတယ်။

၉-၆-၂၀၂၅ ရက်နေ့ မနက်ပိုင်းမှာ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ facebook စာမျက်နှာမှာ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ် က "စစ်ကောင်စီကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ SSNDF / KNDF B- 103 မှ သင်တန်းသားသစ်များ ခေါ်ယူနေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက်သမား စည်းရုံးရေးလုပ်နေတာကို တွေ့ရပါတယ်။

သတင်းဖော်ပြချက်မှာ "ရှမ်းတောင်နဲ့ ကရင်နီပြည်မှာ တိုက်ပွဲဝင်နေတဲ့ SSNDF / KNDF B- 103 တပ်ရင်းဟာ သင်တန်းသား သစ်များ အယောက် (၁၀၀) ခေါ်ယူဖို့ ရှိနေပြီး ခေါ်ယူမယ့် ရက်ကိုတော့ ရက် အကန့်အသက် သတ်မှတ်ထားခြင်း မရှိသလို သင်တန်း အချိန်ကာလအတိအကျကိုလည်း သတ်မှတ်ထားလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။ အခုလို တပ်သားသစ်တွေ ခေါ်ယူရခြင်းရဲ့ အကြောင်းအရင်းဟာ စစ်ကောင်စီကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။" ဆိုပြီး အကြမ်းဖက်အားပေး မီဒီယာက အကြမ်းဖက်အဖွဲ့ထဲကို လူငယ်များ ဆက်သွယ်ဝင်ရောက်နိုင်အောင် နှပ်ကြောင်းပေး ရေးသားထားခြင်းမျိုး ဖြစ်ပါတယ်။

(“ရှမ်းတောင် နဲ့ ကရင်နီ နယ်မြေ‌တကြောက စစ်ကောင်စီ တပ်တွေကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန် ပြင်ဆင်တဲ့ အနေနဲ့ အခုလို သင်တန်းသား အသစ်ကို ခေါ်ယူတာ ဖြစ်ပါတယ် လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ သင်တန်းသား ခေါ်ယူတဲ့ နေရာမှာ အဆင့်နှစ်ဆင့် သတ်မှတ်ထားပြီး ပထမ အဆင့်မှာတော့ အသက် ၁၈နှစ် ပြည့်ပြီးသူ၊ ကျန်မာရေးကောင်းမွန်သူ တာဝန်နဲ့ အမိန့်ကို တိကျစွာလိုက်နာနိုင်သူ၊ တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ ရာဇဝတ်မှုကင်းရှင်းသူ စတဲ့ အချက်တွေနဲ့ ပြည်မီရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ သတ်မှတ် အရည်အချင်းနဲ့ ပြည့်မီသူတွေကို လူကိုယ်တိုင် တွေ့ပြီး စစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ခေတ်ပျက်ကြီးကို အမြန်ဆုံး ပြုပြင်နိုင်ဖို့ ကျွန်တော်တို့ တစ်တဦးတစ်ယောက်တည်းနဲ့ လုပ်‌ ဆောင်လို့မရပါဘူး။ အဘက်ဘက်က ပြည်သူလူထုရဲ့ ပါဝင်မှုအားနဲ့ စည်းစည်းလုံးလုံး ပြုပြင်မှသာ အမြန်ဆုံး အောင်မြင်မှာ ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်ရာတာဝန်ထမ်းဆောင်ပြီး ဒီအရွေ့တစ်ခုအတွက် ပါဝင်ပေးကြဖို့ ပြောချင်ပါတယ်။” လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။)

အထက်ဖော်ပြပါ ( - - -) ထဲက စာသားများကတော့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ရေးသားဖော်ပြချက် ဖြစ်ပါတယ်။ အထက်ပါ ရေးသားဖော်ပြချက်များကို အများပြည်သူ မှန်ကန်စွာ သိရှိဖို့တော့ လိုပါတယ်။ အကြမ်းဖက်အဖွဲ့ထဲဝင်ပြီး တိုက်ပွဲဝင်နေတဲ့ လူငယ်တွေမှာ ဘာမှ မျှော်လင့်ချက်မရှိဘူး။ တကယ်တန်း အရေးကြုံလာရင် လူငယ်တွေကို အသေခံစစ်သားအဖြစ် အသုံးချပြီး တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရင်လည်း စာရင်းပျောက်ပါပဲ။ မိဘဆွေမျိုးများထံ အကြောင်းကြားတာမျိုးတောင် မလုပ်ပါဘူး။ အရာတော်၊ ဒီပဲယင်း က လူငယ်တချို့ ရှမ်းပြည်(မြောက်ပိုင်း) တိုက်ပွဲတွေမှာ MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေအတွက် သွားပြီး တိုက်ပွဲဝင်ပေးခဲ့ကြတယ်။ အခုချိန်အထိ အဆက်အသွယ်မရ သေသလား၊ ရှင်သလား မသိရဘူး။ မိဘဆွေမျိုးများက သေပြီလို့ ယူဆပြီး ဆွမ်းသွပ်တာမျိုး လုပ်မယ်ဆိုပြန်တော့လည်း NLD လွှတ်တော်အမတ်ဟောင်းများ (ယနေ့ PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များ) က ဆွမ်းသွပ်ခွင့်တောင် မပေးပါဘူး။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ PDF အကြမ်းဖက်သမားတွေ သွားရောက်တိုက်ပွဲဝင်ခဲ့ခြင်းက လူနဲ့ လက်နက် လဲလှယ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ MNDAA, TNLA အတွက် တိုက်ပွဲဝင်ပေးမယ်။ PDF ကို လက်နက်၊ ခဲယမ်းပေးဆိုတဲ့ ပုံစံမျိုး လူရောင်းစားခဲ့ကြခြင်း ဖြစ်ပါတယ်။ ရောင်းစားခံရသူတွေကတော့ PDF လူငယ်တွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက PDF အဖွဲ့များထံမှာ လက်နက်အကောင်းစားတွေ ရနေတယ်ဆိုတာ PDF တွေနဲ့ လဲလှယ်ပြီး ရရှိထားတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်။

အဲဒီတော့ မိမိကိုယ်တိုင်က နီပိန်းဖြစ်နေလို့ ကိုယ့်သားသမီး PDF ထဲ ဝင်တာကို သဘောတူ၊ ကြည်ဖြူတယ်ဆိုတဲ့ နီပိန်းမိဘတွေ ပြန်ဆန်းစစ်ကြည့်ပေါ့။ ခင်ဗျားတို့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို တပ်မတော်က ဖျက်ဆီးနေတာ မဟုတ်ဘူး။ ခင်ဗျားတို့ ယုံကြည်အားကိုးပါတယ်ဆိုတဲ့ NLD ခေါင်းဆောင်တွေက လူကိုရောင်းပြီး လက်နက်အကောင်းစားတွေ ရယူနေတဲ့ သဘောကို သိမြင်နားလည်နိုင်ပါတယ်။ 

နိုင်ငံတော်ရှုထောင့်က ပြောရင် လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ NLD ခေါင်းဆောင်များအတွက်ကတော့ နီပိန်းတွေ ချီးပေါသေးပေါ ပေါလွန်းနေလို့ လူရောင်းစားနေတဲ့ သဘောကို မြင်တွေ့နိုင်ပါတယ်။ တကယ်လည်း နီပိန်းတွေ ပေါပါတယ်။ ဆင်ခြင်တုံတရား မရှိတဲ့ နီပိန်းတွေများလွန်းလို့လည်း အကြမ်းဖက်လှုပ်ရှားမှုက ယနေ့အချိန်အထိ အားကောင်းနေတာ ဖြစ်ပါတယ်။

အထက် ဖော်ပြပါ ကယားပြည်နယ်နဲ့ ရှမ်းတောင်မှာ တပ်မတော်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းနှိမ်နင်းလိုက်လို့ KNDF/PDF ခွေးသေ သေပြီး ခွေးပြေး ပြေးရတာ မကြာသေးပါဘူး။ အကြမ်းဖက်သမား ဘယ်လောက် ကျဆုံးခဲ့တယ်ဆိုတာကို မထုတ်ပြန်ဘူး။ အခု အကြမ်းဖက်သမား စုဆောင်းရေးလုပ်နေပြီဆိုတော့ တွက်ဆကြည့်ရင် အသေဆိုးနဲ့ သေခဲ့ရတဲ့ ပြည်ဖျက်မိစ္ဆာအကြမ်းဖက်သမားတွေ နေရာမှာ အစားထိုးဖို့ အကြမ်းဖက်သမား ရှာနေတာ ဖြစ်နိုင်ပါတယ်။

နီပိန်းတွေ ၂၀၂၁ ခုနှစ် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး လမ်းပေါ်ထွက် ဆူပူဆန္ဒပြခဲ့ကြစဉ်က (ကျွန်တော်တို့က လူငယ်တွေပါ - လူငယ်တွေမှာ အနာဂတ်ရှိတယ်) ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတယ်။ အခု အနာဂတ်ရှိတယ်ဆိုတဲ့ လူငယ်တွေက အကြမ်းဖက်သမားများအဖြစ်နဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးနေကြတယ်။ အနာဂတ်ရှိတယ်ဆိုတဲ့ လူငယ်တွေက ကိုယ့်လူမျိုးကို ကိုယ်တိုင် ပြန်သတ်နေကြတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်မနေဘူးလား။

(ကျွန်တော်တို့က လူငယ်တွေပါ - လူငယ်တွေမှာ အနာဂတ်ရှိတယ်) ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခိုင်းတဲ့ နိုင်ငံရေးလုပ်စားသူတွေကပဲ မင်းတို့ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးသွားခြင်း ဖြစ်တယ်။ မင်းတို့ရဲ့ အနာဂတ်ကို စုတ်ပြတ်သတ်အောင် လုပ်ဆောင်သွားခဲ့ကြတယ်။ သူတို့တွေကတော့ ကျည်လွတ်မြေကို ရောက်ရှိသွားပြီ။ လူငယ်တွေကိုတော့ အခုထိ သေတွင်းထဲ တွန်းပို့သူက ပို့၊ ဆွဲခေါ်သူက ခေါ်နေကြတုန်း။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများ ဆိုသည်မှာလည်း အကြမ်းဖက်ခေါင်းဆောင်များနဲ့ ဝေစားမျှစား လုပ်နေကြရတာ ဖြစ်လို့ လူငယ်တွေကို သေတွင်းထဲ တွန်းပို့ဖို့ရာ နည်းနည်းလေးမှ လက်တွန့်နေမှာ မဟုတ်ဘူး။

စာရေးသူအနေနဲ့ကတော့ သတင်းဌာနအမည်ခံပြီး ယခုလို လူငယ်တွေကို သေတွင်းထဲ တွန်းပို့နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချပါတယ်။ ကျင့်ဝတ်သိက္ခာမဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်ရေးသားမှုတွေကို နားယောင်ပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ လူငယ်တွေ ဘဝပျက်ရမယ့် အလုပ်မျိုးကို မလုပ်ကြဖို့ကိုလည်း တပါတည်း သတိပေးလိုပါတယ်။ လူငယ်များအနေဖြင့်လည်း ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ပုံဖော်ပါ။ ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးသူ၊ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးသူ မဖြစ်ကြပါစေနဲ့တော့လို့ သတိပေးပါရစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)