ရွှေတောင်မြို့နယ်အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေး



ရွှေတောင်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းတွင် ဇွန်လ ၁၃ရက် နံနက်ပိုင်းက ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန(အနောက်ပိုင်း)ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်ဦးစီးမှူးဦးအောင်စိုးမိုး၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/သူများပြည့်မီစွာတက်ရောက်နိုင်ရေးနှင့် တက်ရောက်နေဆဲကျောင်းသား/သူများကို နှစ်ဆုံးထိပညာသင်ကြားရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ 

ဆက်လက်၍ ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများ၏အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများအတွက်ခေါက်ဆွဲခြောက်(၃၀၀)ထုပ်၊ ကြက်ဥ(၃၀၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)