ငဝန်မြစ်ကမ်းပါးပြိုကျသဖြင့် အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ထားသည့်ကားလမ်းယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဝန်မြစ်ကမ်းပါးပြိုကျသဖြင့် အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ထားသည့်ကားလမ်းယာယီပိတ်ထား


အင်္ဂပူ၊ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့နေ့လယ်ပိုင်းက ငဝန်မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် ကညင်တပင်ကျေးရွာမိုင်တိုင်အမှတ်(၇/၄)နှင့် (၇/၆)အကြား အင်္ဂပူမြို့နယ်နှင့်ညောင်ကျိုးဒေသသို့ ဆက်သွယ်ထားသည့် ကားလမ်းကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

အဆိုပါ ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် ကားလမ်းအကျယ်(၅)ပေခန့် ကျန်ရှိသည့်အတွက် မော်တော်ဆိုင်ကယ်များ သွားလာနိုင်ပြီး ကားကြီး၊ ကားငယ်များအား ယမန်နေ့ညနေ၅-နာရီချိန်မှစတင်ခေတ္တယာယီပိတ်ထားခဲ့ပြီး ကားကြီး၊ ကားငယ်များ မဲဇလီကုန်း-ဆင်သေ-အိုးကွဲ - အင်းကောက်လမ်းမှ သွားလာလျက်ရှိပါကြောင်း သိရသည်။


မန်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)