မူလပိုင်ရှင်များ ပြန်လည်လျှောက်ထားဆဲ မြေနေရာတွင် ခြံကွက်များ ရိုက်ရောင်းနေခြင်းအား တားမြစ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူလပိုင်ရှင်များ ပြန်လည်လျှောက်ထားဆဲ မြေနေရာတွင် ခြံကွက်များ ရိုက်ရောင်းနေခြင်းအား တားမြစ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)






ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာဌာနမှာ တာဝန်ရှိလူကြီးမင်းများအား အလေးထား တင်ပြလိုပါသည်။

ကျွန်မဒေါ်လှလှသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ နယ်၊ ကမာကဆစ်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါ သည်။ ကျွန်မမိခင်ဒေါ်စိန်မြိုင်သည် ဒလမြို့ နယ်မှော်စက်ရပ်ကွက်ရှိ ကွင်းအမှတ်(၁၈၅) ဦးပိုင်အမှတ် (၂၁) ရှိ လယ်ဧက (၂၀)ခန့်ကို ဘိုးဘွားများမှတဆင့်ပိုင်ဆိုင်ခဲ့ပြီး လယ်ယာမြေစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူရေး လုပ်ငန်းကို နိုင်ငံတော်သို့ အခွန်အခများပေးသွင်း၍ တရားဝင်လုပ်ကိုင်ခဲ့ပါသည်။

၁၉၈၉ခုနှစ် နိုင်ငံတော်မှ မြို့ သစ်တိုးချဲ့ စီမံကိန်းဆောင်ရွက်ရန်အတွက် ကျွန်မတို့ပိုင်လယ်ဧက(၂၀)အား မြို့ပြနှင့်အိုးအိမ်ဦးစီးဌာမှ သိမ်းယူပြီး ကျွန်မတို့မိသားစုဆောက်လုပ်ထားသော စပါးကျီ၊ ကျွဲနွားတင်းကုတ် ဆောင်၊ မိသားစုနေအိမ်၊ အလုပ်သမားနေအိမ်အားလုံးကို ဖျက်သိမ်းပေးခဲ့ရပြီး မိသားစုနေထိုင်ဖို့ (၄၀×၆၀)ပေ မြေကွက်တစ်ကွက်နှင့် (၂၀×၆၀)ပေ မြေကွက်တစ်ကွက်သာ နိုင်ငံတော်မှ သတ်မှတ်ထားသော ဈေးနူန်းဖြင့် အများနည်းတူ ပေးသွင်းခဲ့ပြီးရခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် လစ်လပ်မြေများပြန်လည်စီစစ်ပြီး ပြန်ပေးရန်မိန့်ကြား ခဲ့သော ကြောင့် ကျွန်မတို့ပိုင်ဆိုင်ခဲ့သော မြေဧက(၂၀)မှစီမံကိန်းအတွက် အသုံးမပြုပဲ လစ်လပ်ကျန်ရှိသောမြေ(၅) ဧက ခန့်လောက်အား မိသားစု၏စားဝတ်နေရေးအတွက် ပြန်လည်ပေးအပ်ပါရန် အသနားခံ တင်ပြခဲ့ရာ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း အစိုးရသစ်ပြောင်းလဲသွားခဲ့ပါသည်။

NLD အစိုးရလက်ထက်တွင်လည်း ထပ်မံတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုရအဖွဲ့မှ မြို့ နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ ပထမအကြိမ်ခေါ်ယူတွေ့ ဆုံပြီး မိမိတို့၏လယ်ယာမြေပိုင်ဆိုင်မှု အထောက်ထားများကိုစီစစ်ခဲ့ပါသည်။ ထို့နောက် ဒုတိယအကြိမ်ထပ်မံတွေဆုံပြီး လစ်လပ်မြေများကို မိမိတို့နှင့်အတူ မြေပြင်ကွင်ဆင်း စစ်ဆေး ခဲ့ပါသည်။ တတိယကြိမ်ထမ်မံတွေ့ ဆုံသောအခါ ရန်ကုန်မြို့ တော်စီပင်သာယာရေးကော်မတီမှ ဤလစ်လပ် မြေများကို နိုင်ငံတော်စီမံကိန်းများအတွက် မစွန့်လွတ်နိုင်ပါကြောင်း ပြောကြားသောကြောင့် မိမိတို့ ပြန် လည် လျှောက်ထားမှုကို ရပ်ဆိုင်းခဲ့ပါသည်။

ယခုအချိန်တွင် ထိုလစ်လပ်မြေများကို နိုင်ငံတော်စီမံကိန်းများအတွက် အကောင်ထည်ဖော်လုပ်ဆောင်ခြင်း မရှိသည့်အပြင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယာက်၏ နာမည်ဖြင့်ယခင် NLD အစိုးရလက်ထက်တွင် မြေငှားဂရန် ထုတ်ပေးထားကြောင်း သိရှိရသောကြောင့် မိမိတို့မိသားစုမှာများစွာနစ်နာခဲ့ရသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးများသို့ တင်ပြထားပြီး မိမိတို့အား ပြန်လည်ချထားပေးနိုင်ပါရန် တောင်းဆိုထားပါသည်။

ယခုအခါ အဆိုပါ မြေနေရာတွင် ခြံကွက်များရိုက်၍ ရောင်းချနေသည်ကို တွေ့မြင်ရပါသည်။ ခြံကွက်များရိုက်၍ ရောင်းချနေကြောင်း သိရသဖြင့် ကျွန်မတို့ကိုယ်တိုင် ဓာတ်ပုံမှတ်တမ်းများ သွားရောက်ရယူရင်း စုံစမ်းမေးမြန်းရာ ရောင်းချသူက ၎င်းထံတွင် စလစ်ရှိသည်ဟုဆိုကာ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရပါသည်။

ထိုသို့ လုပ်ဆောင်နေခြင်းအပေါ် မူလပိုင်ရှင်များ ဖြစ်သည့် ကျွန်မတို့အနေဖြင့် လုံးဝလက်မခံနိုင်ပါ။ နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားသည့် အခြေအနေတွင် တစ်စုံတစ်ရာ စုံစမ်းမေးမြန်း စစ်ဆေးဆောင်ရွက်ပေးခြင်းလည်း မရှိသေးပါ။ အဆိုပါ မြေနေရာနှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ပြန်လည်စိစစ်ပေးနိုင်ပါရန်နှင့် မူလပိုင်ရှင်မဟုတ်သူက ခြံကွက်ရိုက် ရောင်းချနေမှုကို တားမြစ်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


ဒေါ်လှလှ

မူလမြေပိုင်ရှင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)