Pages

▼

Pages

▼

ပေါင်မြို့နယ်၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ




ပေါင်၊ ဇွန် ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှထုတ်ဝေသည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး‌ဒေါ်သီတာငြိမ်းနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အလုပ်အမှုဆောင်အရာရှိဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် အအေးပေးပစ္စည်းအရောင်းဆိုင်များသို့ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင်  ပေါင်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကဒါရပ်ကွက် မင်္ဂလာဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်သူများအား အအေးပေးပစ္စည်းကို အသုံးပြုပုံ၊ အရေးပါပုံများကို သိရှိ‌စေရေး ဆွေးနွေးကာ ဖြန့်ဝေပေးခဲ့ကြသည်။အဆိုပါ လက်ကမ်းစာစောင်တွင် အအေးပေးနည်းပညာဆိုသည်မှာ အအေးပေးနည်းပညာအမျိုးအစား အအေးပေးဒြပ်ပစ္စည်းများ၊ အအေးပေးနည်းပညာ၏အနာဂတ်၊ အအေးပေးပစ္စည်းများ အဆင့်ဆင့်ပြောင်းလဲ အသုံးပြုလာခြင်း၊ ခေတ်မီအအေးပေးနည်းစနစ်များ စသည်တို့ ပါဝင်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment