Pages

▼

Pages

▼

ကြံခင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ





ကြံခင်း၊ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌  ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  (သတင်းစကား) လက်ကမ်းစာစောင်များကို  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  ယနေ့ နံနက်ပိုင်းက အ​ခြေခံပညာ ကျောင်းများနှင့် လူစည်းကားရာနေရာများ၌  အစောင်ရေ ၂၀၀ ကျော် ခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ဘက်ပေါင်းစုံမှပူးပေါင်းပါဝင်(ဆောင်းပါး)၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊  မူးယစ်ဆေးဝါးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အဆိပ်ပန်း(ကဗျာ)၊ ဆောင်ပုဒ်၊ ကာတွန်း စသည့်တို့ စုံလင်စွာပါဝင်ကြောင်း သိရသည်။


ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment