ကြံခင်း၊ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြည်စိုး၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြိုနယ်အုပ်ချုပ်ရေးမှူး ဦးပြေသိမ်းကျော်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး လှခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်ခင်သန္တာထိုက်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးထွန်းလင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စိတ္တသုခ အရောင်းဆိုင်နှင့် ဇေယျာ အရောင်းဆိုင်အားလည်းကောင်း၊ မြို့မရပ်ကွက်၊ ကြံခင်း-ဆိပ်သာ လမ်း၊ ဂရိတ်ဝမ်းဆိုင်ကယ်အရောင်းဆိုင်တို့အား တရားမဝင်အကောက်ခွန်မဲ့ ဆိုင်ကယ်များ တင်သွင်း ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြရာ နိုင်ငံအခွန်ပေးဆောင်ပြီး ရောင်းချနေသော ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးတွေရှိရသဖြင့် တရားမဝင်လိုင်စင်မဲ့ ဆိုင်ကယ်များအား ရောင်းဝယ်ခြင်းမပြုလုပ်ရန် ဆိုင်ပိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား ပြောကြားခဲ့ကြောင်း သိရ သည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment