တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးခြံများမှ ကျွဲကောပင်များအောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများအကျိုးအမြတ်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးခြံများမှ ကျွဲကောပင်များအောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများအကျိုးအမြတ်ရရှိ




တိုက်ကြီး  ၊ ဇွန် ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးခြံများ၌ ကျွဲကော၊ မာလကာ၊ သံပုရာများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းအပြင် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ဈေးကွက်ဝယ်လိုအားကောင်းပြီး ပြည်ပသို့တင်ပို့ရောင်းချရသည့် ကျွဲကောပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


ကျွဲကောပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်ကျွဲကောမျိုးဖြစ်သည့် အုန်းခြံပန်းရောင်မျိုးကိုစိုက်ပျိုးကြရာ အရည်ရွှမ်းပြီးသဘာဝ အချိုအရသာရှိသဖြင့် စားသုံးသူများအထူးကြိုက်နှစ်သက်ကြကြောင်း၊ မတ်လတွင်အဖူးအပွင့်များစတင်ပြီး ဇူလိုင်လကုန်နှင့် ဩဂုတ်လတို့တွင် အသီးများခူးရကြောင်း၊ အပင်အရောင်အသွေးကောင်းစေရန် ပုလဲဓာတ်မြေဩဇာကျွေးရပြီး အသီးအပွင့်လိုက်ချိန်တွင် အပွင့်၊ အသီးအားကောင်းစေရန်နှင့် အသီးခိုင်ခံ့မှုရှိစေရန် အပင်၏လေးထောင့်ပတ်လည်တွင် ပိုတက်ဓာတ်မြေဩဇာကျွေးရကြောင်း၊ အပင်ရှင်သန်ကြီးထွားစေရန် ပေါင်းမြက်များကို နေ့စဉ်ရှင်းလင်းပေးရပြီး ကျွဲကောပင်ပတ်လည်၌ ကြက်ချေး၊ နွားချေးနှင့် ဖွဲများထည့်ထားသည့် အစာကြမ်းကို နေ့စဉ်အစာကျွေး ရေလောင်းရကြောင်း၊ ယခင်နှစ်တွင် ကျွဲကောတစ်လုံးကို ကျပ် ၃၅၀၀ ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ် ၆၀၀၀ ခန့်ရောင်းချနိုင်ကြောင်း၊ တိုက်ကြီးမြို့နယ်မှထွက်ရှိသည့် ကျွဲကောများသည် အရည်အသွေးကောင်းမွန်သဖြင့် ဒေသတွင်းရောင်းချခြင်းသာမက စနစ်တကျထုပ်ပိုး၍ ပြည်ပသို့တင်ပို့ရောင်းချရသဖြင့် အကျိုးအမြတ်ရရှိကြောင်း ကျွဲကောစိုက်ပျိုးသည့် ပြည်စိုးစံဥယျာဉ်ခြံမှ သိရသည်။


တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးခြံများမှ ကျွဲကောများ အရည်အသွေးကောင်းမွန်သည့် သီးနှံများ ဖြစ်လာစေရန် မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး၊ ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ကျွဲကောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ကျွဲကောစိုက်တောင်သူများနှင့် မျိုးကောင်းမျိုးသန့်ကျွဲကောများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာမျှဝေခြင်းများ လာရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝတ်ရည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)