ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေငုတ်သင်္ဘော နှစ်မြုပ်လိုက်တဲ့ ဂျပန်သင်္ဘောပေါ်က ခရီးသည်တွေကို တော်ဝင်မိသားစု သွားရောက် ဂါရဝပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေငုတ်သင်္ဘော နှစ်မြုပ်လိုက်တဲ့ ဂျပန်သင်္ဘောပေါ်က ခရီးသည်တွေကို တော်ဝင်မိသားစု သွားရောက် ဂါရဝပြု


ဇွန် - ၇ ( စနေနေ့ ) 

ဂျပန်တော်ဝင်မိသားစုသည် ကြာသပတေးနေ့တွင် အိုကီနာဝါသို့ နှစ်ရက်ကြာ အလည်အပတ်လာရောက် ခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ရေငုပ်သင်္ဘောရဲ့ တော်ပီဒိုကြောင့် နှစ်မြုပ်ခဲ့ရတဲ့ ဂျပန် ကယ်ဆယ်ရေးသင်္ဘောပေါ်မှ ဒုက္ခသည်များအား ဂါရဝပြုခဲ့ပါတယ်။ 

ဂျပန်ဧကရာဇ် နာရူဟီတို ၊ ကြင်ယာတော် မာဆာကို နှင့် သမီးတော် မင်းသမီး အာရီကို တို့သည် သင်္ဘောပေါ်နဲ့အတူ ပျောက်ဆုံးသွားသော ဒုက္ခသည်များအတွက် ဆုတောင်းပေးခဲ့ကြောင်း ဂျပန်အမျိုးသား နေ့စဉ်ထုတ် သတင်းစာ မီယာနီချီ က ဖော်ပြခဲ့ပါတယ်။ ခရီးစဉ်အတွင်း သူတို့က ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

တော်ဝင်မိသားစုသည် တော်ပီဒိုတိုက်ခိုက်မှုကြောင့် ကျောင်းသူလေးများအပါအဝင် အနည်းဆုံး လူ ၁၅၀၀ သေဆုံးခဲ့သည့် ဆူရှီမာစစ်သင်္ဘောအတွက် အောက်မေ့ဖွယ်နေရာတစ်ခုတွင် ပန်းများပေးအပ်ပြီး ဦးညွှတ်ခဲ့ပါတယ်။ 

တော်ဝင်မိသားစုသည် အနီးနားရှိ အောက်မေ့ဖွယ် ပြတိုက်သို့လည်း သွားရောက် ကြည့်ရှုခဲ့ပြီး အသက်ရှင် ကျန်ရစ်သူများနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် စကားပြောဆိုခဲ့ကြပြီး သေဆုံးသွားသော ကျောင်းသူလေးများ၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းများ အများအပြားကိုလည်း လိုက်လံကြည့်ရှု့ပါတယ်။ 

အသက်၈၅ နှစ်အရွယ် မာဆာကတ်ဆူ တာကာရာ သည် ၎င်း၏မိဘများနှင့် မောင်နှမများအပါအဝင် ၎င်း၏ မိသားစုဝင်ကိုးဦးကို ဆုံးရှုံးလိုက်ရသည့် ဝေဒနာကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် သြဂုတ်လတွင် အိုကီနာဝါမှ နာဂါဆာကီသို့ ခရီးသွားစဉ် ဂျပန်အနောက်တောင်ပိုင်း တိုကာရာ ကျွန်းများအနီးတွင် တော်ပီဒိုဖြင့် တိုက်ခိုက်လိုက်ခြင်းကို ခံလိုက်ရတာပါ။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)