ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ နီပိတ် ပဒက်တွေကတော့ မိုက်လုံးထွားနေကြဆဲပါပဲ။ ဒီရက်ပိုင်းအတွင်း တွေ့မြင်ရတဲ့ သတင်းတွေမှာဆိုရင် နီပိတ် ပဒက် လက်နက်ကိုင် အကြမ်းဖက်သမားများတွေက လက်နက်မဲ့ ဆရာ၊ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေလည်း တွေ့မြင်ရပါတယ်။
ဆရာ၊ ဆရာမတွေ ဖမ်းဆီး သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အလိုက် လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး တာဝန်ရှိသူများအနေဖြင့်လည်း အကြမ်းဖက်သမားတွေရဲ့ အဓိကပစ်မှတ် ဖြစ်နေတဲ့ လက်နက်မဲ့ ဆရာ၊ ဆရာမတွေကို ကာကွယ်ပေးမှုအပိုင်းမှာ အားနည်းချက်တွေ ဖြစ်ပေါ်နေတာကို သတိပြုပြီး ထိရောက်စွာ ကာကွယ်မှုပေးနိုင်ဖို့ ဆောင်ရွက်ပေးသင့်ပါတယ်။ အကြမ်းဖက်သမားများကတော့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်၊ လူမဆန်တဲ့ လုပ်ရပ်တွေကို မျက်နှာပြောင်တိုက်ပြီး လုပ်နေတယ်။ ဆရာ၊ ဆရာမတွေဆိုတာ လက်နက်ကိုင်ထားသူလည်း မဟုတ်ဘူး။ လက်နက်ကိုင်ပြီး အင်အားနဲ့ လာတဲ့ နီပိန်း ပဒက်တွေကို ခုခံဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တာဝန်ရှိသူများအပိုင်းက တာဝန်ယူ ကင်းမဲ့နေလို့သာ ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေတာကို တွေ့မြင်လာရပါတယ်။
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှာလည်း နီပိတ် ပဒက်တွေက ဆရာ၊ ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်းများကို အဓိက ပစ်မှတ်ထားပြီး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ စဉ်ဆက်မပြတ် ဆိုသလို ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ရာမှ ဒီနှစ်မှာ ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
၂၀၂၅ခုနှစ် ဇွန်လ ၂ ရက်နေ့ ကျောင်းများစတင်ဖွင့်လှစ်ပြီး နောက်ပိုင်း ဆရာမများနှင့် ဆက်စပ်ပြီး သတ်ဖြတ်ခံရမှုတွေ မြင့်တက်လာပါတယ်။ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြ ဆရာမဖြစ်သူ ဒေါ်သန်းညွန့် အသက် ၆၁ နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးသောင်းခင် အသက် ၅၉ နှစ်တို့သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိလာပြီး ဆရာမ ဒေါ်သန်းညွန့်အား သစ္စာမဲ့ ဝန်ထမ်း (Disloyalty Civil Servant- DCS)ပြုလုပ်ရန်နှင့် ကျောင်းအပ်လက်ခံခြင်းအား ဆက်လက်မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုရာ ဆရာမ ဒေါ်သန်းညွန့်က ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်အရေး အတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ကျေပွန်လို၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှု မရှိသည့်အတွက် ၎င်းတို့ ၂ ဦးအား ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားမဆန်စွာပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။
အလားတူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး အသက် ၄၆ နှစ်သည် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များထမ်းဆောင်လျက်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နေသည်ကို မလိုလားသော PDF အမည်ခံအကြမ်းဖက် သမားများက ဇွန်လ ၆ ရက်နေ့ ကျောင်းဆင်းချိန်တွင် ကျောင်းဝင်းအတွင်းသို့ မော်တော် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သဖြင့် သေဆုံးသွား ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ်ထဲမှာပဲ ဆရာမတွေနဲ့ ရပ်မိရပ်ဖတွေကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။
အလားတူ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းမှာ စာသင်ကျောင်းတချို့ နီပိတ် ပဒက်တွေက မဖွင့်ရဘူးဆိုတဲ့အတွက် မဖွင့်ရဲကြပါဘူး။ ငါ့သရောက်မြို့နယ်ခွဲ၊ ဆင်သားမွေးရွာကျောင်းက ဆရာကြီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျောင်းမဖွင့်ဖို့ ခြိမ်းခြောက်ပြောဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ တော်ပါသေးရဲ့၊ ပြန်လွှတ်ပေးလို့သာပေါ့။ ဆရာကြီးခမျာမှာလည်း လုံခြုံရေးအတွက် ဘာမှ မအာမခံချက်မရှိတဲ့အတွက် ကျောင်းမဖွင့်ဘဲ ညောင်ဦးကို ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ ဆက်စပ်သတင်းများအရ ညောင်ဦးမြို့ အရှေ့ခြမ်းနဲ့ ငါ့သရောက်မြို့နယ်အတွင်း က မူ၊ လယ်၊ ထက် စာသင်ကျောင်းများ နီပိတ် ပဒက်များက ခြိမ်းခြောက်ထားလို့ မဖွင့်နိုင်တာများတယ်လို့ သိရပါတယ်။
၁၅-၆-၂၀၂၅ ရက်နေ့ သတင်းထုတ်ပြန်လာရာမှာတော့ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း (၄၂)နှစ် သည် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ခင်ပွန်းဖြစ်သူ ဦးဇော်လတ် (၄၅)နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း (၁၉)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၇ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့်အတွက် ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့ ၂ ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့ မြေကွက်လပ်၌ ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိအမှတ်(၁၇)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင် (၂၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၅ ဦးက သေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင် အား လက်နောက်ပြန် ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
အထက်ပါ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ သြဇာခံ နီပိတ် ပဒက်တွေဟာ ဝန်ထမ်းယန္တရားထဲကမှ သူတို့ကို လက်တုန့်ပြန်နိုင်ခြင်း မရှိတဲ့ ပညာရေးဝန်ထမ်းများကို အဓိက ပစ်မှတ်ထားပြီး ယုတ်မာရိုင်းစိုင်းနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နီပိတ် ပဒက်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကတော့ ဒေသခံလူငယ်တွေ ပညာသင်ကြားခွင့်မရဘူး။ သူတို့လိုပဲ စုံလုံးကန်း ငမိုက်သားတွေ ဖြစ်လာမယ်။ စာသင်ကျောင်း တစ်ကျောင်း မဖွင့်နိုင်ဘူးဆိုရင် အနည်းဆုံး ကျောင်းသား (၅၀) နဲ့ (၁၀၀)ကြား စာပေသင်ကြားခွင့် မရပါဘူး။ တချို့ စာသင်ကျောင်းတွေမှာ ကျောင်းသား (၅၀၀)အထက် ရှိပါတယ်။
နီပိတ် ပဒက်တွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို မသိကျိုးကျွန်ပြုထားတဲ့ ဒေသအာဏာပိုင်များရဲ့ စွမ်းဆောင်ရည်ဟာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်နယ်အလိုက် အကြမ်းဖက်လှုပ်ရှားမှုများ ပပျောက်အောင် လက်နက်မဲ့ ပြည်သူများအပေါ် လက်နက်ကိုင် အကြမ်းဖက်သမားများက စော်ကားမှုတွေ မရှိအောင် ဆောင်ရွက်ကြရမယ်လို့ မှာကြားထားပြီး ဖြစ်ပါတယ်။ ဒေသအာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးနိုင်ခြင်း မရှိဘူးဆိုရင် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို အလေးမထားဘူးလို့ ဆိုချင်ပါတယ်။
အကြမ်းဖက်သမားများကို ဘယ်လိုမှ ပြန်လည်ခုခံနိုင်စွမ်း မရှိတဲ့ ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ရက်စက်ယုတ်မာနေတဲ့ နီပိတ် ပဒက်တွေကိုတော့ ထမိန်ဝတ်ထားသင့်တယ်လို့ ပြောချင်ပါတယ်။ ဒီဆရာ၊ ဆရာမတွေကို သတ်ပြီး မင်းတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကြီး အောင်မြင်မှာလား၊ ဒီကျောင်းတွေ ပိတ်လိုက်ရင် မင်းတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကြီး အောင်မြင်သွားပြီလား။ နီပိတ်တွေကို အရင်က ထမိန်ခြုံလို့ပဲ သတ်မှတ်ခဲ့တာ။ အခုတော့ နီပိတ်တွေဟာ ထမိန်ဝတ်ထားရမယ့် အဆင့်ကို ရောက်သွားပြီ။ မင်းတို့ မကျေနပ်တာ ဘယ်အဖွဲ့အစည်းလဲ။ တပ်မတော်ကို မကျေနပ်တာ တပ်မတော် တပ်စခန်းတွေ တိုက်ပါလား၊ မင်းတို့ပြောတဲ့ တော်လှန်ရေးဆိုတာက အဲဒီလို တိုက်ခိုက်နေတယ်ဆိုရင်တော့ ယုတ္တိရှိအုံးမယ်။ အခုဟာက လက်နက်မဲ့ ဆရာ၊ ဆရာမတွေကို ပစ်မှတ်ထားပြီး ရက်စက်ယုတ်မာနေတယ်ဆိုတာကတော့ လူမဆန်တဲ့ လူယုတ်မာများ၊ လူ့ငနွားများ၊ ခွေးဝဲစားများ လို့ သတ်မှတ်ရမယ့် သဘောမျိုး ဖြစ်နေပါတယ်။
အဲဒီလို အောက်တန်းစား လုပ်ရပ်တွေနဲ့ အကြမ်းဖက်လှုပ်ရှားမှုကြီးက အောင်ပွဲခံလိမ့်မယ်လို့ မတွေးမိပါစေနဲ့။ အများပြည်သူကို အတိဒုက္ခရောက်အောင် လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အများပြည်သူက လက်မခံပါဘူး။ ထမိန်ခြုံပြီး ပြည်သူလူထု ထောက်ခံမှုကို ရခဲ့တဲ့ ကာလက ကုန်ဆုံးသွားပြီ။ အခုက နီပိတ် ပဒက်တွေဟာ လက်နက်ကိုင်ထားသူ အချင်းချင်း မတိုက်ရဲဘဲ လက်နက်မဲ့ ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေခြင်းကြောင့် ထမိန်ဝတ်ထားရမယ့် လူ့ငနွားများသာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment