ဇွန် - ၈ ( တနင်္ဂနွေနေ့ )
လီဂျေမြောင် ကို ဒီဇင်ဘာ ၁၉၆၃ တွင်မွေးဖွားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရေးသမားနှင့် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ လီ သည် ယခင်က ဂေအွန်ဂျီ ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၂ မှ ၂၀၂၅ အတွင်း ၂၀၂၂ ဂေယောင် အမျိုးသားလွှတ်တော်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ သမ္မတဟောင်း ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံရပြီး နောက် ရာထူးမှာနှုတ်ထွက်ရတာကြောင့် လစ်လပ်သွားတဲ့ နေရာကို ဝင်ရောက် အရွေးခံရင်း ပြီးခဲ့တဲ့ အပတ်က သမ္မတရာထူးကို လက်ခံရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အန်ဒေါင်မြို့ တွင် ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူ လီ သည် မူလတန်းကျောင်းပြီးသည့်နောက် စက်ရုံအလုပ်သမားတစ်ဦးဖြစ်လာကာ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်ခဲ့ရပါတယ်။ ကျောင်းမတက်နိုင်ပေမဲ့ သူသည် အလယ်တန်းနှင့် အထက်တန်းတန်းတူညီမျှသည့် ဒီပလိုမာများကို ရရှိခဲ့ပြီး ချွန်အန်း တက္ကသိုလ်တွင် ၁၉၈၆ ခုနှစ်၌ ဥပဒေဘွဲ့ရရှိခဲ့ပါတယ်။ လူ့အခွင့်အရေးနှင့် အလုပ်သမားရှေ့နေတစ်ဦး အဖြစ် လီ သည် မင်းဗြွန်တွင် လူထုကို စုစည်းကာ ဆီအွန်နမ် မှာ ဆေးရုံအသစ်ဖွင့်လှစ်ရန် ကြိုးပမ်းနိုင်ခဲ့ပါတယ်။
လီ သည်၂၀၀၅ ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအချို့မှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ မအောင်မြင်ခဲ့ပေ။ ၂၀၁၀ ခုနှစ်တွင် ဆီအွန်နမ် ရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်အရွေးခံခဲ့ရပါတယ်။ သူသည် ၂၀၁၇ ခုနှစ်တွင် သမ္မတရာထူးအတွက် ပါတီရဲ့ သမ္မတလောင်း အဖြစ် ပထမဆုံးအရွေးခံခဲ့ပြီး မွန်ဂျေအင်း အား ရှုံးနိမ့်ခဲ့ရပါတယ်။ လီ သည် ဂျေအွန်ဂျီ ပြည်နယ်အုပ်ချုပ်ရေးမှူး အတွက် အောင်မြင်စွာ အရွေးခံရန်အတွက် ၂၀၁၈ ခုနှစ်တွင်မြို့တော်ဝန်အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။ သူသည် ၂၀၂၁ ခုနှစ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ပြီး ၂၀၂၂ ခုနှစ်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံဖို့အတွက် ပါတီအမည်စာရင်းတင်သွင်းခြင်းကို အနိုင်ရခဲ့သော်လည်း အထွေထွေရွေးကောက်ပွဲတွင် People Power ပါတီမှ ယွန်ဆက်ယို အား ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် လီသည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ဆီအွန်နမ် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း ရဲ့ အမှုဆောင်ဟောင်း ကင်မ် မွန်ကီ ကို မှားယွင်းစွာ စွပ်စွဲ ပြောဆိုမှုအတွက် နိုဝင်ဘာလတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် တောင်ကိုရီးယား စစ်အုပ်ချုပ်ရေး အကျပ်အတည်းအတွင်း လီ သည် အမျိုးသားလွှတ်တော် အဆောက်အအုံ ခြံစည်းရိုးကို တက်ခြင်းနှင့် အဖြစ်အပျက်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်တမ်းတင်ခြင်းအတွက် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းတွင် သူသည် သမ္မတယွန်အား စွပ်စွဲပြစ်တင်မှုကို ဦးဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ကိုရီးယားအခြေခံဥပဒေတရားရုံးက ယွန်ကို သမ္မတရာထူး မှ ရပ်စဲလိုက်ပြီးတဲ့အချိန်မှာပဲ လီက ၂၀၂၅ ခုနှစ်တွင် သမ္မတရာထူးအတွက် တတိယအကြိမ် မဲဆွယ်စည်းရုံးမှုကို စတင် နေပြီဖြစ်ပါတယ်။ DPK ပါတီရဲ့ အမည်စာရင်း တင်သွင်းခြင်းကို အနိုင်ရကာ အထွေထွေရွေးကောက်ပွဲတွင် PPP ဆန်ခါတင် ကင်မ်မွန်ဆိုး ကိုအနိုင် ရခဲ့တာပဲ ဖြစ်ပါတယ်။
REF: WIKI
https://t.me/MyanmarNationalPost
No comments:
Post a Comment