ဇွန် - ၁၂
သြစတြီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂရက်ဇ် မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ၁၀-၆-၂၀၂၅ ရက်နေ့က ပစ်ခတ်မှု တစ်ခုဖြစ်ပွားရာ ကျောင်းသားအများအပြားနှင့် အရွယ်ရောက်ပြီးသူ အများအပြား သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ဂရက်ဇ် မြို့တော်ဝန် အယ်ကီခါ က ဒေသစံတော်ချိန် နံနက် ၁၀ နာရီအချိန်ခန့်က စာသင်ကျောင်း ကို သေနတ်နဲ့ လာရောက်ပစ်မှု ဖြစ်ပွားလို့ လူ ကိုးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသို့ ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာတစ်ခုမှာတော့ သေဆုံးသူများကြားတွင် ကလေးငယ် ၇ ဦး ပါတယ်လို့ ဖော်ပြပါတယ်။
ပစ်ခတ်မှုတွင် သံသယရှိသူက ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး လူအများအပြား ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း နဲ့ ကျောင်းအတွက် နောက်ထပ်အန္တရာယ် မရှိတော့ကြောင်း ဆိုပါတယ်။
ဩစတြီးယားမီဒီယာကတော့ လူ ၃၀ ခန့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ တယ်လို့ ဆိုပါတယ်။
သြစတြီးယားအဓိပတိ ခရစ်ရှန်စတော့ကာ က သြစတြီးယားနိုင်ငံတစ်ဝှမ်းမှာ ပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲမှု တွေနဲ့ နာကျင်မှုတွေကို စကားလုံးနဲ့တောင် မဖော်ပြနိုင်ဘူးလို့ ပြောပါတယ်။ “ဒီလူငယ်တွေဟာ သူတို့ရှေ့မှာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ရှိခဲ့ကြသူတွေပါ” လို့ပြောသွားပါတယ်။ သူသည် ဂရက်ဇ်မြို့ သို့သွားရောက်ကာ အခင်းဖြစ်ပွားတဲ့ နေရာမှာ ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။
မြို့တော် ဗီယင်နာ၏ အစိုးရ အဆောက်အအုံများအပြင်ဘက်တွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်အထိ လျှော့ချထားကြပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment