အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများသည် အီရန်၏နျူကလီးယားစက်ရုံများကို အန္တရာယ်ရှိစေပြီး သက်သက်ရန်စတာပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများသည် အီရန်၏နျူကလီးယားစက်ရုံများကို အန္တရာယ်ရှိစေပြီး သက်သက်ရန်စတာပါ


ဇွန် - ၂၉ ( တနင်္ဂနွေနေ့ ) 

အီရန်နိုင်ငံသည် နျူလက်နက်ရယူရန် အစီအစဉ်မရှိပေမဲ့ အရပ်သားအသုံးပြုရန်အတွက် ယူရေနီယံ သန့်စင်ခွင့်ကို လက်ဝယ်ရှိကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမေးလ် ဘက်ဟာဒီ ကပြောလိုက်ပါတယ်။ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများသည် အီရန်၏နျူကလီးယားစက်ရုံများကို အန္တရာယ်ရှိစေပြီး သက်သက်ရန်စတာပါ ဆိုပြီး ရှုတ်ချခဲ့ပါတယ်။ 

တီဟီရန်က နျူလက်နက်များ လျှို့ဝှက်ထုတ်လုပ်နေတယ် ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်တွေကို ဘက်ဟာဒီ က "နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ အစီရင်ခံစာတွေက ကျနော်တို့ဘက်ကနေ ရပ်တည်နေပါတယ်" လို့ ပြောသွားပါတယ်။ 

"အီရန်ဟာ နျူကလီးယားလက်နက်မရှာဘူးဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခု ၊ ၃ ခု ကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အီရန်မှာ လက်နက်အဆင့် မြှင့်တင်မှု တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ကျေးဇူးပြုပြီး IAEA ရဲ့ အစီရင်ခံစာတွေကို ကြည့်ပြီး ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကွဲလွဲနေတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ရဲ့ သဲလွန်စတစ်ခု ဒါမှမဟုတ် အထောက်အထားတစ်ခု ပြသနိုင်ပါတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ဟာ လုံးဝ ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချက်ပါပဲ"လို့ ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 

နျူကလီယား အေဂျင်စီကလည်း  အီရန်၏နျူကလီးယားလက်နက်ထုတ်လုပ်ရန် "စနစ်တကျကြိုးပမ်းမှု" အထောက်အထားမတွေ့ရှိရကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။ အဲ့ဒါကို ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့အကြီးအကဲ ရာဖေး ဂရော့ဆို ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခဲ့ပါတယ်။ 

ဘက်ဟာဒီ က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း မရှိသည့်အတွက် IAEA ကို စိတ်ပျက်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ "IAEA နှင့် ၎င်း၏ အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့တို့မှ မျှော်လင့်ထားသည့်အရာမှာ ကျွန်ုပ်တို့၏နျူကလီးယားစက်ရုံများအပေါ် အမေရိကန်နှင့် အစ္စရေးအစိုးရ၏ တိုက်ခိုက်မှုများကို ရှင်းရှင်းလင်းလင်း ရှုတ်ချခြင်းဖြင့် ၎င်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် သစ္စာစောင့်သိရန် ဖြစ်တယ်"လို့ ဆိုလိုက်ပါတယ်။  ယခုသီတင်းပတ်အစောပိုင်းတွင် အီရန်ပါလီမန်က IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားရန် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ တယ်လို့ သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)