ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ




ကျေးသီး ၊ ဇွန် ၂၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ သေရည်အရက်မူးယစ်ဆေးဝါးသောက်သုံးမိရင် (တေးကဗျာ) ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဦးမှ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။


ထို့နောက် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုရရှိသူများအား ဆုချီးမြှင့်ရာ  အမှတ်(၂) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများမှ မူးယစ်ကျေးကျွန်မဖြစ်အောင် စုပေါင်းကာကွယ်တိုက်ဖျက်စို့ တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ အမှတ်(၂) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား(၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုင်းငင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)