မန္တလေးငလျင်ဘေးကြောင့် သေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၆ ဦး ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ဘေးကြောင့် သေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၆ ဦး ရှိ


နေပြည်တော်၊ ဇွန် ၈

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင် ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတို့တွင် ဇွန် ၈ ရက်အထိသေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၆ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိအသက်ရှင်သူ ၆၅၃ ဦးရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး၊ သေဆုံးသူ ၈၁၈ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူ ပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)