ပေါင်၊ ဇွန် ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်ရှိ ကတွန်ကျေးရွာ တွင် ယနေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးစီးမှူးဦးမောင်မောင်မြင့်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးသန်းဝင်းဇော်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြားပြည်သူ ( ၂၁ )ဦး၊ အသက် (၁၈)အထက်ပြည်သူ ( ၃၂ )ဦး စုစုပေါင်း ပြည်သူ ( ၅၃ )ဦး တို့အားနိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးသည် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ရပ်ကွက်၊ကျေးရွာများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment