တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၁၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၂)၊ ဟွေနမ့်လင်း ကျေးရွာရှိ ဒေါ်နန်းကော့၏ခြံဝင်း၌ ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့်အလိုရှိတရားခံပြေး Mr. Phanatsak Riabpuang (ဖနပ်ဆက်ရိဖောင်း)နှင့် Miss.Wanida Jakkeaw (ဝနိဒါကျတျောက်)တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)