ဇွန် - ၂၉ ( တနင်္ဂနွေနေ့ )
လာမယ့်ဇူလိုင်လ ၁၀ရက်နေ့က လပြည့်နေ့ဖြစ်ပြီး အဲ့ဒိလပြည့်နေ့က လကို မိုးကြိုးလလို့ ခေါ်ပါတယ်။ နက္ခတ်ဗေဒအလိုအရ ဇူလိုင်လအတွင်းက မိုးကြိုးလ "Thunder Moon" သည် မကြာခဏ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်ခြင်းမှ ဆင်းသက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းဦးရာသီမတိုင်မီ သမင်ချိုများ လျင်မြန်စွာ ကြီးထွားလာသောကြောင့် ၎င်းကို ဦးချိုလ Buck Moon လို့လည်း ခေါ်ပါတယ်။
ညမိုးချုပ်ခါနီးမှာ အရှေ့တောင်ကောင်းကင်မှာ တက်လာတဲ့ လပြည့်ကို ရှာကြည့်ပါ။ အနောက်တောင်ဘက်တွင် မိုးသောက်ခါနီးတွင် တစ်ညလုံး တောက်ပနေလိမ့်မယ်။
ဇူလိုင်လသည် အီကွေတာ၏မြောက်ဘက် တစ်နှစ်ပတ်လုံး၏ အတိုဆုံးညအချို့ဖြစ်ပေါ်စေသော်လည်း ၎င်းက နက္ခတာရာတွေကို စောင့်ကြည့်သူများအတွက် နဂါးငွေ့တန်း၏ အံ့သြဖွယ်မြင်ကွင်းများကို မြင်တွေ့နိုင်ပါတယ်။ ကမ္ဘာ၏ ညအချိန်ဘက်ခြမ်းသည် ဂလက်ဆီအူတိုင်ကို မျက်နှာမူကာ Milky Way နဂါးငွေ့တန်းက အခြားနှစ်များထက် ပိုမိုတောက်ပစေပါတယ်။ မြို့ပြ အလင်းရောင် ညစ်ညမ်းမှုကြောင့် နဂါးငွေ့တန်း၏ တောက်ပမှုကို မမြင်နိုင်ပေမဲ့ ဇူလိုင် ၂၄ ရက်တွင် လဆန်းတစ်ဝိုက်၌ ကြယ်တွေ က ပိုမိုတောက်ပတာကို မြင်တွေ့နိုင်မှာပါ။
ဥက္ကာပျံနှစ်စင်းသည် ဇူလိုင် ၂၉ ရက် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းအထိ ကောင်းကင်ယံတွင် တောက်ပလာမည် ဖြစ်ပါတယ်။ ၎င်းတို့နှစ်ခုသည် တစ်နာရီလျှင် ဥက္ကာခဲ ၂၀ မှ ၃၀ အထိ ပေါင်းစပ်သွားမည်ဖြစ်ပြီး မီးလုံးဟု ခေါ်သော မယုံနိုင်လောက်အောင် တောက်ပသော ဥက္ကာခဲများ ဖြစ်ပေါ်လာဖို့အတွက် အခွင့်အလမ်း ဖြစ်လာမှာဖြစ်ပါတယ်။
ဇူလိုင်လ ၂၉-၃၀ ည က ကြယ်ကို ကြည့်လို့ကောင်းပြီး ကောင်းကင်က ကြယ်ကြွေကျတာတွေကို မြင်ရမှာဖြစ်ပါတယ်။ မိုးရေကြီးပြီး ရေများကြွတက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဇူလိုင်လကုန်ပိုင်း နဲ့ ဩဂုတ်လ အစပိုင်းတွေမှာ ရေကြီးနိုင်တယ်လို့ နက္ခတ်ပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment