ဇွန်- ၁၁ (ကြာသပတေးနေ့ )
ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကမ္ဘာလုံးဆိုင်ရာ အာဏာချိန်ခွင်လျှာကို အာမခံချက်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလက်နက်တပ်ဆင်ရေးအစီအစဉ်နှင့် ပတ်သက်တဲ့ အစိုးရအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းက နိုင်ငံရဲ့ နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအာရုံစိုက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။
နျူကလီယားတပ်ဖွဲ့ ဆိုတာက မြေပြင်အခြေစိုက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များနှင့် နျူကလီးယား ဒုံးကျည်များကို သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပေါင်းစပ်ဖော်ပြရန် အသုံးပြုသည့် ဝေါဟာရဖြစ်ပါတယ်။ အဲ့ဒိ လက်နက်စနစ်များက နိုင်ငံတစ်နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့များကို ပထမအကြိမ်တိုက်ခိုက်မှုတွင် လက်နက်ဖြုတ်သိမ်း မဖျက်ဆီးနိုင်စေရန် သေချာစေပါတယ်။
“ယခုအခါတွင်၊ ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် နျူကလီးယား တပ်ဖွဲ့တွင် ခေတ်မီဆန်းသစ်သော လက်နက်စနစ်များနှင့် စက်ပစ္စည်းများ ရဲ့ ပါဝင်မှုနှုန်းက ၉၅ ရာခိုင်နှုန်းအထိ ရှိလာပါပြီ” လို့ သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသည် ယင်းကိစ္စနှင့် ပတ်သက်ပြီး “ကောင်းမွန်သော တိုးတက်မှု” ရှိကြောင်း ပြောကြားခဲ့ပါတယ်။ “ဒါဟာ ကမ္ဘာ့နျူကလီးယား အင်အားကြီးနိုင်ငံအားလုံးထဲမှာ အမြင့်ဆုံး အဆင့်ပါပဲ”လို့လည်း ပြောပါတယ်။
အလားတူ အကဲဖြတ်ချက်မျိုးကို အမေရိကန် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ လေတပ်ဗိုလ်ချုပ်ကြီး အန်တိုနီ ကော့တွန် ကလည်း ပြောပါတယ်။ "ရုရှားက လက်ရှိမှာ မည်သည့်နိုင်ငံ၏ အကြီးဆုံးနှင့် အကွဲပြားဆုံး နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားပါတယ်" လို့ ကော့တွန်က ၂၀၂၄ မတ်လတုန်းက ပြောခဲ့ပြီး ရုရှား က အမေရိကန်ထက်သာတယ်လို့ လည်းပြောပါတယ်။
ရုရှားသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နျူကလီးယားလက်နက်တိုက်အား သိသိသာသာ အဆင့်မြှင့်တင်ခဲ့ပါတယ်။ Sarmat ICBM ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တိုက်ခိုက်ရေးတာဝန်အတွက် အတည်ပြုခဲ့ပြီး ရုရှားနိုင်ငံ၏ စွမ်းရည်အရှိဆုံးနျူကလီးယားလက်နက်များထဲမှ တစ်ခုဖြစ်သော Sarmat သည် ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း ၁၁၀၀၀ (ကီလိုမီတာ ၁၈၀၀၀ ခန့်)ကိုပစ်နိုင်ပြီး အလေးချိန် ဆယ်တန်ဝန်းကျင်ခန့် ရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment