ရန်ကုန်တိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကျင်းပ



ရန်ကုန်၊ ဇွန် ၂၈

စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသောက်ကုန်နှင့် လယ်ယာသုံးပစ္စည်းများ၊ ဆိုလာနှင့်လျှပ်စစ်ပစ္စည်းများကို တစ်နေရာထဲတွင် ကြည်ရှုလေ့လာနိုင်မည့် စိုက်ပျိုးရေးနှင့်နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ  YCC တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်လေ့လာခဲ့ကြသည်။

ပြပွဲတွင် စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသည့် ဘက်စုံသုံးလယ်ထွန်စက်များ၊ ဆန်စက်နှင့် ဆန်စက်အပိုပစ္စည်းများ၊ သီနှံအခြောက်ခံစက်များ၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ထရန်စဖော်မာ၊ ဆိုလာ၊ အင်ဗာတာနှင့် လျှပ်စစ်ပစ္စည်းများ၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် ပန်းကန်၊ ခွက်များသာမက ဟိုတယ်သုံးရေခဲသေတ္တာနှင့်  ပြည်တွင်းထုတ် ဝိုင်မျာကိုပါ ပြသပေးထားသည်။

ယင်းအပြင် စိုက်ပျိုးထုတ်လုပ်သူများအတွက် မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်စိုက်ပျိုးထုတ်လုပ်သူများအသင်းကြီး၏ ဦးဆောင်စီစဉ်မှုဖြင့် “တောင်သူအားလုံးအတွက် ဘေးကင်းလုံခြုံသည့် ဥယျာဉ်ခြံသီးနှံစီမံထုတ်လုပ်နည်း”၊ “စွမ်းအားမြင့် အော်ဂဲနစ်မြေဩဇာများကို သိပ္ပံနည်းကျထုတ်လုပ်ခြင်း”၊ “အာမခံချက်ရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်း”၊ “တောင်သူအားလုံးပါဝင်သော သီးနှံတန်ဖိုးမြှင့် ကွင်းဆက်စီမံချိတ်ဆက်ခြင်း” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။

ထို့အပြင် ပတ်ဝန်းကျင်မပျက်စီးရေး နည်းပညာများပံ့ပိုးခြင်း၊ ကုန်ကျစရိတ်သက်သာထိရောက်သော သွင်းအားစုများရောင်းချခြင်း၊ စိုက်ပျိုးစရိတ်အတွက် ချေးငွေများရရှိစေရန် ဘဏ်များနှင့် ချိတ်ဆက်ပေးခြင်း စသည့် လုပ်ငန်းများနှင့်ပတ်သက်သော ​ပြခန်းများကို ပြသပေးထားရာ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ပြီး ပြပွဲကို ဇွန် ၂၇ ရက်မှ ၂၉ ရက်နေ့အထိ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသပေးသွားမည်ဖြစ်​ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)