မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပြည်သူ့ဆေးရုံများ၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပြည်သူ့ဆေးရုံများ၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



နေပြည်တော်၊ ဇွန် ၁၁

ပြည်သူ့ဆေးရုံများ၏ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၉ ရက်မှ ၁၀ ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ မန်းတောင်ရိပ် (၉) ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ဆေးရုံအုပ်များ၊ မန္တလေးမြို့ရှိ ဗဟိုအဆင့်ဆေးရုံကြီးများမှ သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ အထက်တန်းသူနာပြုများ၊ သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်အက်စ်ဘန်တောင်က ကုသရေးဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ညွှန်ကြားရေးမှူး (သူနာပြု)တို့က ပြည်သူ့ဆက်ဆံရေး Public Relation (PR)၊ ပြည်သူ့ဆေးရုံများတွင် ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် လူနာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို အချင်းချင်းအချိတ်အဆက် ကောင်းမွန်စွာဖြင့် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)