ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘာသာရပ်ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘာသာရပ်ဆက်လက်ဖြေဆို



ညောင်ဦး  ၊ ဇွန်  ၁၇


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ  ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ အင်္ဂလိပ်ဘာသာရပ်အား ကျောင်းသား/သူများဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင်  ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)နှင့်အခြေခံ ပညာအထက်တန်းကျောင်း(တောင်ဇင်း)တို့တွင် ဖြေဆိုလျက်ရှိရာ  အ-ထ-ကညောင်ဦးတွင် ၃၇၃ ဦး၊ အထကပုဂံတွင် ၁၇၁ ဦး၊ အ-ထ-ကတောင်ဇင်းတွင် ၁၄၆ ဦး၊ စုစုပေါင်း ၆၉၀ ဦးတို့ စိတ်အေးချမ်းသာစွာ ဖြေဆို လျက်ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၁၇ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများကအပြင် စည်းစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)