ချုံချင့်၊ ဇွန် ၂၆
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၅-၆-၂၀၂၅ တွင် ချုံချင့်မြူနီစီပယ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာထုတ် ကုန်များ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ(ချုံချင့်)နှင့် ချုံချင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များအုပ်စုမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို "ကမ္ဘာကြီးကို ချိတ်ဆက်ပေးသော စိမ်းလန်းသော စိုက်ပျိုးရေး" ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတစ်လျှောက် နိုင်ငံများနှင့် လယ်ယာထွက်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းမှုအတွက် ချုံချင့်မြို့တွင် စင်္ကြံတစ်ခုထူ ထောင်ရန်၊ ချုံချင့်မြို့နှင့်အနီးတစ်ဝိုက် ဈေးကွက်များသို့ မြန်မာအပါအဝင် နိုင်ငံရပ်ခြားမှ အထူး စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြှင့်တင်သွင်းရန်နှင့် ချုံချင့်မြို့၏ စိုက်ပျိုးရေးထွက်ကုန် ဈေးကွက် မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(ချုံချင့်)၏ ဒုတိယဥက္ကဋ္ဌ Mr. Zhang Haiqing နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီများ၊ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက် အထူးအခွင့်အရေးများ ပံ့ပိုးပေးမှုအခြေအနေ၊ မြန်မာနှင့် ချုံချင့်အကြား စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းနိုင်မှု အခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ ချုံချင့်မြို့၏ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများ မြန်မာနိုင်ငံသို့ စေလွှတ်နိုင်ရေးနှင့် ချုံချင့်၏ နည်းပညာဖြင့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ အရည်အသွေးမြှင့်တင်နိုင်မှု အခြေအနေစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment