ဇွန် - ၁၂ ( ကြာသပတေးနေ့ )
လာမယ့်ဇွန်လ ၁၄ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မွေးနေ့ဖြစ်ပြီး သူ့ရဲ့ မွေးနေ့မှာ သူ့ကို အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာဆန္ဒပြဖို့အတွက် ဆန္ဒပြသမားတွေက လိုက်လံလှုံ့ဆော်နေတယ်လို့ သိရပါတယ်။ သူတို့က NO KING “ဘုရင်ကို အလိုမရှိဘူး” ဆိုတဲ့ သရဖူဆောင်းထားတဲ့ ဒေါ်နယ်ထရမ့်ပုံကို ကိုင်ဆောင်ပြီး လိုက်လံလှုံ့ဆော်နေတာပဲ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ အတိုက်အခံများက ၎င်း၏မွေးနေ့နှင့် တိုက်ဆိုင်သော ဇွန် ၁၄ ရက်နေ့မှာ အမေရိကန်ရဲ့ ရာနှင့်ချီသော မြို့များတွင် ချီတက်ဆန္ဒပြမှာပဲဖြစ်ပါတယ်။ အဲ့ဒိနေ့မှာပဲ အမေရိကန်စစ်တပ်ရဲ့ နှစ် ၂၅၀ ပြည့် အခမ်းအနား စစ်ရေးပြချီတက်ပွဲကို ဝါရှင်တန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
“No Kings” ဆန္ဒပြပွဲများသည် ထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့နှင့် အလံတော်နေ့ဖြစ်ပြီး ပွဲစီစဉ်သူများက ထရမ့်အနေနဲ့ သူ့ရဲ့ အတ္တကို ဖော်ပြဖို့ လုပ်လိမ့်မယ်လို့ ဆိုပါတယ်။ စစ်တပ် မွေးနေ့ပွဲ ကျင်းပဖို့လည်း စီစဉ်ထားပြီးသားဖြစ်နေပါတယ်။ ထရမ့်ကတော့ ယခုနှစ် နွေဦးအစောပိုင်းကတည်းက သူ့မွေးနေ့မှာ တန် ၆၀ အလေးချိန်ရှိသော M1 Abrams တိုက်ပွဲဝင်တင့်ကားများနှင့် Paladin မောင်းသူမဲ့ ဟောင်ဝစ်ဇာ ဆုံလည်အမြောက်များကို မြို့လမ်းမများတစ်လျှောက် လှည့်ပတ်ရန် ရည်ရွယ်ထားပါတယ်။
REF: Hindustan Times
https://t.me/MyanmarNationalPost
No comments:
Post a Comment