ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဇွန် ၁၀ 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ဆူးကုန်း ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးဝန်းအတွင်း Modular Container House များ ဆောက်လုပ်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အသစ်ထပ်မံတည်ဆောက်မည့် မြေနေရာများအား ရွေးချယ်သတ်မှတ်ပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်၊ မင်းရဲဆည်အတွင်း၌ ခရိုင် မီးသတ်ဦးစီးဌာနက ကျင်းပပြုလုပ်သည့် ရေပြင်အသက်ကယ်သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အသက်ကယ်လှေများဖြင့် သရုပ်ပြခြင်းနှင့် လက်တွေ့ရေပြင်ကယ်ဆယ်ခြင်း သရုပ်ပြလေ့ကျင့်မှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်ပြီး စဥ့်ကိုင်မြို့ နယ်၊ တောင်ရင်းကျေးရွာရှိ TOP Myanmar ပီနံအိတ် ໑ KIYO-MYANMAR Healthy Friut & Veggie Chips ໑ ကြောင့် ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုများ၊ ဘဲလင်းကျေးရွာရှိ မြင့်မိုရ်တောင်ဘုရားနှင့် နှစ်ဆူတောင် ဘုန်းတော်ကြီးကျောင်းတို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ စဥ့်ကိုင်မြို့နယ် အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး အတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများနှင့် ဥယျာဉ်ငယ်ကျေးရွာ၊ ဥယျာဉ်လေးပရဟိတ ဘုန်းကြီးကျောင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်ရေးဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဉယျာဉ်လေးပရဟိတဘုန်းတော်ကြီး ကျောင်း ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)