ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 



ကျောင်းကုန်း  ၊ ဇွန် ၃၀


သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှကြီးမှူး၍ ကျုံပျော် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊ ကျောင်းအိုင်ကျေးရွာ၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ခန့်က အမြင့်(၂)ပေနှင့်အထက်ရှိသောကျွန်း၊ ပျဥ်းကတိုး၊ ခရေ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ရေတမာ၊ ကညင်၊ ကံကော်စသည့်အပင် (၅၁၅)ပင် တို့အား စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ပျိုးထောင်ထားရှိသည့် ပျိုးပင်များအား စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)