ဇွန် - ၈ ( တနင်္ဂနွေနေ့ )
အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသရွေ့ ပါကစ္စတန် အစ္စလာမာဘတ်အစိုးရ နဲ့ ဆွေးနွေးမှု လုပ်စရာ မလိုဘူးလို့ အိန္ဒိယအမျိုးသားကွန်ဂရက်လွှတ်တော်အမတ် ရှာရှီ သာရို က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်အစိုးရက ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဒေသရှိ အကြမ်းဖက်သမားတွေရဲ့ အဆောက်အအုံများလို့ သံသယရှိတဲ့ နေရာတွေကို အိန္ဒိယက ငရဲတံခါး စစ်ဆင်ရေး နဲ့ တိုက်ခိုက်ခဲ့လို့ တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်သို့ရောက်နေတဲ့ ပါတီပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသည့် သာရိုက “ကျွန်ုပ်တို့၏ ခေါင်းကို သေနတ်ဖြင့် ချိန်ထားတဲ့ သူနဲ့ ဆွေးနွေးခြင်း မပြုပါဘူး” လို့ အိန္ဒိယရဲ့ ခိုင်မာသော ရပ်တည်ချက်ကို အမေရိကန်နိုင်ငံအနေနဲ့ နားလည်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ရှိ အမျိုးသားစာနယ်ဇင်းကလပ် တွင် ပြောကြားရာ၌ ပါကစ္စတန်သည် ၎င်း၏မြေကြီးပေါ်ရှိ အကြမ်းဖက် အစိတ်အပိုင်းများကို မထိန်းချုပ်ပါက အိန္ဒိယမှ အရေးယူဆောင်ရွက်မှုကို ထပ်မံလုပ်ဆောင် နိုင်ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။ ဧပြီလာ ၂၂ ရက်နေ့က လူ ၂၆ ဦး သေဆုံးခဲ့သည့် ပါဟယ်လ်ဂမ် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းသည် အကြမ်းဖက် အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း နယူးဒေလီအစိုးရဘက်က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်အခြေစိုက် လက်ရှ်ကာ အီ တာအီဘာ နှင့် ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ ခုခံရေးတပ်ဦးသည် ကနဦးတွင် အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ အစ္စလာမာဘတ်အစိုးရကိုယ်တိုင်ကလည်း က အဲ့ဒိအဖွဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပြင်းထန်သော ပဋိပက္ခအပြီးတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံနှစ်ခုသည် အပစ်အခတ်ရပ်စဲရေးကို မေ ၁၀ ရက်တွင် ကြေညာခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment