Pages

▼

Pages

▼

မြောက်ဥက္ကလာပမြို့နယ်၌ ရေစီး ရေလာ ကောင်းမွန် စေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်




မြောက်ဥက္ကလာပ၊ ဇွန်  ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး  နှင့် မိုးရာသီအတွင်း ရေကြီး ၊ ရေလျှံမှု မဖြစ်ပေါ် စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်းက (ဂ)ရပ်ကွက် မဏ္ဏိုင်လမ်းဘေးဝဲယာ တစ်လျှောက် ရေမြောင်းများ တူး ဖော်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ မှကြီးကြပ်၍  မြို့နယ်စည်ပင်သာယာ‌ရေး၀န်ထမ်းများက မိုးတွင်းကာလ ရေကြီး ရေလျှံမှု မဖြစ်ပွားစေရေး နှင့် ရေစီး ရေလာ ကောင်း မွန် စေရေးအတွက် လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့  နေ့လယ်ပိုင်းက (ဂ)ရပ်ကွက် ၊  မဏ္ဏိုင်လမ်းဘေး ဝဲယာ တစ်လျှောက် ရေနုတ်မြောင်း ၊ရေမြောင်းများ အတွင်းရှိ အမှိုက်သရိုက်များအား ဆယ်ယူရှင်းလင်းဆောင်ရွက် ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ  ခုတ်ထွင် ရှင်းလင်းခြင်း များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment