Pages

▼

Pages

▼

ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုနှင့် အသစ်ထပ်မံရောက်ရှိလာသည့် Modular House ပစ္စည်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရုံးအမှတ် (၁၄) ဧရိယာအတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်းနှစ်ခန်းပါ Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ်လျှစ်စစ်မီးများ သွယ်တန်းထားရှိမှု၊ သုံးရေသွယ်တန်းမှုနှင့် မိလ္လာများ တည်ဆောက်မည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် မိသားစုများအား စနစ်တကျခွဲဝေနေရာချထားပေးပြီး အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် အသစ်ထပ်မံရောက်ရှိလာသည့် Modular House ပစ္စည်းများ ကွန်တိန်နာပေါ်မှ သယ်ချနေမှုကို ကြည့်ရှုပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်တပ်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment