ဟားမတ်ခေါင်းဆောင်ဆင်ဝါရဲ့ ရုပ်အလောင်းကို အစ္စရေးစစ်တပ် ဥမင်တစ်ခုမှာ တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားမတ်ခေါင်းဆောင်ဆင်ဝါရဲ့ ရုပ်အလောင်းကို အစ္စရေးစစ်တပ် ဥမင်တစ်ခုမှာ တွေ့ရှိ


ဇွန် - ၉ ( တနင်္လာနေ့ ) 

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ဥမင်လိုဏ်ခေါင်းတစ်ခုမှာ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် မိုဟာမက်ဆင်ဝါရဲ့ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် အစ္စရေးသို့ သယ်ဆောင်သွားကြောင်း အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့ မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

စစ်တပ်က ထုတ်ပြန်ချက်တစ်ခုတွင် "မိုဟာမက်ဆင်ဝါ၏ ရုပ်အလောင်းသည် ခန်ယူနီ ဒေသမှာရှိတဲ့ ဥရောပ ဆေးရုံအောက်က မြေအောက်ဥမင်လိုဏ်ခေါင်းထဲကနေ တွေ့တာပါ" လို့ အတည်ပြုခဲ့ပါတယ်။ 

ဟားမတ်စ် ရာဖာတပ်မဟာရဲ့ တပ်မှူး ဆင်ဝါ နဲ့ မိုဟမ်မက် ရှာဘာနက်စ် တို့ကို အစ္စရေးစစ်တပ်နှင့် ရှင်ဘတ် ထောက်လှမ်းရေး အေဂျင်စီတို့က မေလ ၁၃ ရက်က ဥမင်လှိုဏ်ခေါင်းအတွင်း သတ်ဖြတ်ခဲ့တာပါလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စရေးတို့က ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့တဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအပြီးမှာ အလောင်းတွေကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ စီးနင်းမှုတွေကို ဆက်လက် လုပ်ဆောင်နေကြောင်း အစ္စရေး စစ်တပ်က ဆိုပါတယ်။ 

အသက် ၄၉ နှစ်အရွယ် ဆင်ဝါ ကို အစ္စရေးစစ်တပ်က ဟားမတ်စ်ရဲ့ အကြီးတန်းနှင့် နှစ်ရှည် ခံစစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးနိုင်ငံကို တိုက်ခိုက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ၎င်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးစစ်တပ်မှ သတ်ဖြတ်ခံခဲ့ရတဲ့ ဂါဇာရှိ ဟားမတ်စ်ခေါင်းဆောင်ဟောင်း ယာဟာဆင်ဝါရဲ့  ညီ လည်းဖြစ်ပါတယ်။ 

အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ပါလက်စတိုင်း ၅၄,၈၈၀ ဦး သေဆုံးခဲ့ပြီး  ၁၂၆,၂၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာ ကျန်းမာရေး အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ကြေညာခဲ့ ပါတယ်။ 


REF: CGTN

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)