အီရန်က ၎င်းရဲ့ နျူ့စက်ရုံတွေကို လပိုင်လေးမှာပဲ ပြန်လည်ပတ်နိုင်မယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်က ၎င်းရဲ့ နျူ့စက်ရုံတွေကို လပိုင်လေးမှာပဲ ပြန်လည်ပတ်နိုင်မယ်လို့ ဆို


ဇွန် - ၃၀ ( တနင်္လာနေ့ ) 

မကြာသေးမီက အမေရိကန်နှင့် အစ္စရေးတို့က အီရန်ရဲ့ နျူကလီးယားစက်ရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ ပျက်စီးမှုများ ရှိနေပေမဲ့ ယူရေနီယံ သန့်စင်မှုတွေကို လပိုင်လေးအတွင်းမှာပဲ ပြန်လည်စတင်နိုင်လောက်တယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ရာဖေး ဂရော့စီ က ပြောလိုက်ပါတယ်။  

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ CBS သတင်းဌာနနဲ့  တွေ့ဆုံမေးမြန်းခန်းတွင် ဂရော့စီက ဖော်ဒိုး၊ နာတန့်ဇ် နဲ့ အီစဖာဟန် နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်မှုက အလွန်ဆိုးရွားတဲ့ ပျက်စီးမှုအဆင့်ကို ထိခိုက်စေခဲ့ပေမဲ့ အချို့အရေးကြီးတဲ့ ပစ္စည်းတွေက မပျက်စီးဘဲ ကျန်နေတဲ့ အတွက်ကြောင့် ပြန်ပြင်ရင် ခဏလောက်ပဲ ကြာနိုင်လိမ့်မယ်လို့ ပြောသွားတာပါ။ 

“သူတို့ [အီရန်] မှာ ရှိတဲ့ စွမ်းရည်တွေနဲ့ နည်းပညာတွေက ပြန်လုပ်နိုင်မှာပါ။ လအနည်းငယ်အတွင်းမှာပဲ စင်ထရယ်ဖြူဂယ်တွေ လှည့်ပတ်ပြီး ကြွယ်ဝတဲ့ ယူရေနီယံ ထုတ်လွှတ်မှုလုပ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ လအနည်းငယ်အတွင်းမှာကို သူတို့လုပ်နိုင်မှာပါ၊ ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာကို အီရန်နိုင်ငံသားတွေတောင် မသိပါဘူး” လို့ သူကပြောသွားပါတယ်။ 

IAEA အကြီးအကဲ၏ ပြောကြားချက်အရ အီရန်သည် သိသာထင်ရှားသော စက်မှုစွမ်းရည်ကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ "အီရန်ဟာ နျူကလီးယားနည်းပညာနဲ့ ပတ်သက်ရင် အလွန်ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ငံပါ၊ ဒါကြောင့် ဒါကို ခွဲခြားလို့မရပါဘူး။ မင်းမှာရှိနေတဲ့ အသိပညာ ဒါမှမဟုတ် မင်းမှာရှိနေတဲ့ စွမ်းရည်တွေကို ပြန်ဖျက်လို့ မရသလိုမျိုးပေါ့" လို့ ဆိုပါတယ်။ 

အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို စစ်ရေးဖြေရှင်းချက်ဖြင့် ရပ်တန့်လို့ ရနိုင်မှာ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ "ဒါဟာ ငါတို့အားလုံး နားလည်ထားရမယ့် ကိစ္စဖြစ်သင့်တယ်။ ဒါကို စစ်ရေးအရ ရှင်းရှင်းလင်းလင်း ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး၊ လုပ်ရမှာက သဘောတူညီချက်တစ်ခု ရယူဖို့ပဲ လိုပါတယ်" လို့ ပြောသွားပြီး IAEA စစ်ဆေးရေးမှူးများအနေနဲ့ မကြာမီ ကာလအတွင်း အီရန် နျူကလီးယား ဆိုက်များထံ ထပ်မံဝင်ရောက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)