ပါးရိုက်လို့ နားပြန်ကိုက်တဲ့ ချက်ဒ် နိုင်ငံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါးရိုက်လို့ နားပြန်ကိုက်တဲ့ ချက်ဒ် နိုင်ငံ


ဇွန် - ၈ ( တနင်္ဂနွေနေ့ ) 

အာဖရိကတိုက်က ချက်ဒ်နိုင်ငံ သမ္မတ မဟာမတ် အီဒရစ် ဒီဘီ က ချက်ဒ်နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သော ဝါရှင်တန်ရဲ့ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်တဲ့ အနေဖြင့် အမေရိကန်နိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ 

အာဖရိကနိုင်ငံ ၇ နိုင်ငံဖြစ်တဲ့ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရစ်ထရီးယား၊ လစ်ဗျား၊ ဆိုမာလီယာနှင့် ဆူဒန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို ပြည်ဝင်ခွင့် အပြည့်အဝ ပိတ်ပင်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့များရှိနေခြင်း၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ ဗီဇာသက်တမ်းတိုးနှုန်း မြင့်မားခြင်း နှင့် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ် ပေးလိုက်တဲ့ နိုင်ငံသားများကို လက်ခံရန် အစိုးရအချို့၏ ငြင်းဆန်ခြင်း ဆိုတဲ့ အကြောင်းပြချက်တွေပေါ်ကိုမူတည်ပြီး အဲ့ဒိအမိန့်ကို ထုတ်လိုက်တာပါ။ 

ကြာသပတေးနေ့က ဖေ့စ်ဘုတ်တွင် တင်ထားသော အတိုချုံးထုတ်ပြန်ချက်တစ်ခုတွင် ချက်ဒ် ခေါင်းဆောင်က သူသည်"အပြန်အလှန်ဆက်ဆံမှု အခြေခံမူများနှင့်အညီ လုပ်ဆောင်ရန် အစိုးရအား ညွှန်ကြားထားပြီး အမေရိကန်နိုင်ငံသားများကို ဗီဇာထုတ်ပေးခြင်းအား ဆိုင်းငံ့ထားလိုက်ပါတယ်။ ချက်ဒ်မှာ အမေရိကန်နဲ့ ယှဉ်ဖို့ လေယာဉ်တွေရော၊ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပေးစရာမရှိဘူး၊ ဒါပေမယ့် ချက်ဒ်မှာ ဂုဏ်သိက္ခာနဲ့ မာန ဆိုတာ ရှိပါတယ်”လို့ ဒီဘီ က ပြောပါတယ်။  

ဇွန်လ ၉ ရက်နေ့တွင် စတင်အသက်ဝင်မည့် ထရမ့် အစိုးရရဲ့ ဆောင်ရွက်မှုအသစ်က အာဖဂန်နစ္စတန်၊ မြန်မာ၊ ဟေတီ၊ အီရန်နှင့် ယီမင်နိုင်ငံတို့ကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့မှ ခရီးသွားများကတော့ တစ်စိတ်တစ်ပိုင်း ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။  ခြွင်းချက်အနေနဲ့  အမေရိကန်တွင် တရားဝင် အမြဲတမ်းနေထိုင်သူများ၊ ၂နိုင်ငံပတ်စ်ပို့စ် ကိုင်ဆောင်ထားသူများ၊ သံတမန်များ၊ အားကစားသမားများနှင့် ၎င်းတို့၏ ဆွေမျိုးများ၊ မိသားစု သို့မဟုတ် မွေးစားထားသည့် ရွှေ့ပြောင်းနေထိုင်သူများ ဗီဇာရှိသူများကတော့ ခြွင်းချက်များအနေဖြင့် အကျုံးဝင်မှာ ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)