ရွှေကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

 




ရွှေကူ  ၊ ဇွန် ၁


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၉ ရက်နေ့ နံနက် (၁၀)နာရီခန့်က ရွှေကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


 ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး လူတိုင်းအခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းတက်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန်နှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ကျောင်းဝတ်စုံများ၊ စေတနာရှင်အလှူရှင်များမှ ကျောပိုးအိတ်၊ ထီး၊ ထမင်းချိုင့်၊ ကွန်ပါဘူးနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)