၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ကျင်းပ

 



ရန်ကုန်  ၊ ဇွန် ၃၀


အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် (2025 International Olympic Day) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။


အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဦးစွာ အမျိုးသားကာယဗလမောင် up to 65 kg ပြိုင်ပွဲ၊ အမျိုးသားကာယဗလမောင် up to 75 kg ပြိုင်ပွဲ၊ အမျိုးသား Athletic Physique (open)ပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique (open) ၊ အမျိုးသမီး Model Physique (open) အမျိုးသား Sport Physique (open) ၊ အမျိုးသားကာယဗလမောင် up to 80 kg and over 80 kg ပြိုင်ပွဲများကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမားက သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိးဖြင့် ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်ခိုင်မှုကို ထုတ်ဖော်ပြသယှဥ်ပြိုင်ကြသည်။


ထို့နောက် ဗိုလ်လုပြိုင်ပွဲတွင် ပဏာမရွေးချယ်ခံရသော အားကစားသမားများက ခန္ဓာကိုယ်အချိုးအစားကျစ်လစ်ခိုင်မာမှုကို နောက်ခံတေးဂီတနှင့်အတူ တစ်ဦးချင်းစိတ်ကြိုက် ကိုယ်ဟန်နှင့်သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိုးဖြင့် ထုတ်ဖော်ပြသယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ အမျိုးသားကာယဗလမောင် up to 65 kg ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ အမျိုးသားကာယဗလမောင် up to 75 kg ပြိုင်ပွတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ အမျိုးသား Athletic Physique (open) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများလည်းကောင်း၊ အမျိုးသမီး Athlitic Physique (open) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ အမျိုးသား Sport Physique (open) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ အမျိုးသားကာယဗလမောင် up to 80 kg and over 80 kg ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့် တာဝန်ရှိသူများက ဆုများချီးမြင့်ပေးခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)