မင်းတုန်းမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းရန်ပုံငွေ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းရန်ပုံငွေ လွှဲပြောင်းပေးအပ်





မင်းတုန်း  ၊ ဇွန် ၂၇


မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ်လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ ယောကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီသို့ မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ပေးအပ်ခဲ့သည်။


အဆိုပါ မြစိမ်းရောင်(အသားကဏ္ဍ) မတည်ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေသနွားမအကောင်ရေ (၆၀)အတွက် စတင်ဖြန့်ဖြူးပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပထမအကြိမ်လက်ဆင့်ကမ်းဖြန့်ဖြူးပေးခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)