နေပြည်တော်၊ ဇွန် ၂၅
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Love Knot" Tik Tok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ တောင်ပေါ်တောင်ကျေးရွာနေ သိန်းထိုက်အောင်အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် "Tinhtut Win" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ တင်ထွဋ်ဝင်း(ခ)အွမ်မယ်နှင့် ၎င်း၏ဇနီး စန္ဒာဝင်း(ခ)ဆိုင်နဘီတို့နှစ်ဦးအား နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment