အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ထားသော ဦးသူရိယပါ (၂၇)ဦး အနက်မှ (၁၀)ပါး/ဦး က အဓမ္မဝါဒကို စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ထားသော ဦးသူရိယပါ (၂၇)ဦး အနက်မှ (၁၀)ပါး/ဦး က အဓမ္မဝါဒကို စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုး




ရန်ကုန်၊ ဇွန် ၁၀

အရိယာမဏ္ဍိုင်တောရရိပ်သာကျောင်းမှ ဦးသူရိယ ပါ (၂၇)ဦး ၏ ဟောပြောမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယက၊ ဝိနိစ္ဆယအဖွဲ့က အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခဲ့သော်လည်း ခံဝန်လက်မှတ်ရေးထိုးခြင်း မရှိသဖြင့် ဓမ္မစက်ဖြင့် ဆောင်ရွက်ပြီးစီး၍ အာဏာစက်ဖြင့် ဆက်လက်ဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သို့ လွှဲပြောင်းခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ (ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆ အရ ထုတ်ပြန်ချက်) အမိန့်ကြော်ငြာစာအမှတ် ( ၅၇ / ၂ဝ၂၅) ကို (၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်)နေ့ က ထုတ်ပြန်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီး အရိယာမဏ္ဍိုင် တောရရိပ်သာကျောင်းတိုက်နေ ဦးသူရိယပါ ၂၇ ပါး/ ဦး အနက် ၁ဝ ပါး/ ဦးတို့က ၎င်းတို့သည် ထိုအဓမ္မဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်း ပေးခြင်းတို့ကို မပြုလုပ်တော့ဘဲ လုံးဝစွန့်လွှတ်ပါကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်၌ ကိုယ်တိုင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် "ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက် သည့်ဥပဒေ ပုဒ်မ ၆ အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ၄-၂-၂၀၂၅ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည့် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀/၂၀၂၅)က ၂၃-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီး အရိယာမဏ္ဍိုင်တောရ ရိပ်သာကျောင်းတိုက်နေ ဦးသူရိယ ပါ ၂၇ ဦးတို့၏ ဟောပြောချက်များသည် သံဂါယနာ ခြောက်တန်တင် ထေရဝါဒပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် မညီညွတ်သောကြောင့် အဓမ္မဝါဒဖြစ်သည်ဟုလည်းကောင်း၊ ထိုအဓမ္မဝါဒကို ဟောပြောသူ၊ လက်ခံသူ၊ ပုံနှိပ်ဖြန့်ဝေသူတို့သည် အဓမ္မဝါဒီများဖြစ်ကြသည်ဟုလည်းကောင်း၊ ထိုအဓမ္မဝါဒများကို အသံသွင်းထား၊ ပုံနှိပ်ထား၊ ရေးသားထား၊ အင်တာနက်တင်ထား၊ မှတ်တမ်းတင် ထားသော အရာဝတ္ထုမှန်သမျှတို့သည် အဓမ္မဝတ္ထု ဖြစ်ကြသည်ဟုလည်းကောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီး အရိယာမဏ္ဍိုင် တောရရိပ်သာကျောင်းတိုက်နေ ဦးသူရိယပါ ၂၇ ပါး/ ဦး အနက် ၁ဝ ပါး/ ဦးတို့က ၎င်းတို့သည် ထိုအဓမ္မဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်း ပေးခြင်းတို့ကို မပြုလုပ်တော့ဘဲ လုံးဝစွန့်လွှတ်ပါကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်၌ ကိုယ်တိုင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီး အရိယာမဏ္ဍိုင် တောရရိပ်သာကျောင်းတိုက်နေ ဦးသူရိယ ပါ ၂၇ ဦးတို့၏ ဟောပြောချက်များကို နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀/ ၂၀၂၅)က အဓမ္မဝါဒဖြစ်သည်ဟုလည်းကောင်း၊ ထို အဓမ္မဝါဒကို ဟောပြောသူ၊ လက်ခံသူ၊ ပုံနှိပ်ဖြန့်ဝေသူတို့သည် အဓမ္မဝါဒီများဖြစ်ကြသည်ဟုလည်းကောင်း၊ ထိုအဓမ္မဝါဒများကို အသံသွင်းထား၊ ပုံနှိပ်ထား၊ ရေးသားထား၊ အင်တာနက်တင်ထား၊ မှတ်တမ်းတင်ထားသော အရာဝတ္ထုမှန်သမျှတို့သည် အဓမ္မဝတ္ထု ဖြစ်ကြသည်ဟုလည်းကောင်း ဆုံးဖြတ်ထားပြီး ဖြစ်၍ ယင်းဝါဒကိုဖြစ်စေ၊ ယင်းဝါဒ၏ အနှစ်သာရကိုဖြစ်စေ မူလအမည်ဖြင့်လည်းကောင်း၊ အခြားအမည်တစ်ခုခုဖြင့်သော်လည်းကောင်း ဟောပြောခြင်း၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီခြင်း၊ စာအုပ်စာတမ်းအဖြစ် ရိုက်နှိပ်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ထိုသို့ ပြုလုပ်ရန် အားပေးကူညီခြင်း၊ မည်သည့်အရာဝတ္ထုအပေါ်တွင်မဆို ရေးသားခြင်း၊ ထုထွင်းခြင်း၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီခြင်း၊ အသံသွင်းခြင်း၊ ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ထိုသို့ ပြုလုပ်ရန် အားပေးကူညီခြင်း၊ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်း၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီခြင်း၊ ယင်းဝါဒကိုဖြစ်စေ၊ ယင်းဝါဒ၏ အနှစ်သာရကိုဖြစ်စေ ပြန့်ပွားစေရန် အခြားနည်းတစ်ခုခုဖြင့် ဆောင်ရွက်ခြင်း၊ ထိုသို့ ပြုလုပ်ရန် အားပေးကူညီခြင်းကို မည်သူမျှမပြုလုပ်ရန် တားမြစ်ကြောင်း ထုတ်ပြန်ထားသည်။

မည်သူမဆို ဤတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ဝိနည်းဓမ္မကံအဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀ အရ အရေးယူခြင်းခံရမည် ဟု ဖော်ပြပါရှိသည်။

အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နောက်ပိုင်း ဦးသူရိယ သည် သူ၏ facebook စာမျက်နှာမှ Live Stream များ ထုတ်လွှင့်၍ စောဒကများကို ဝေဖန်စော်ကားပြောဆိုခြင်း၊ ဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ပြစ်တင်ပြောဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)