ကြံခင်းမြို့ရှိ ဆင်းရဲနွမ်းပါးမျက်စိဝေဒနာရှင်များအား ဇေယျာမိုးမြင့်(ကုမ္ပဏီလီမိတက်)မှ (အခမဲ့) စက္ခုအလင်းဒါန စမ်းသပ်ခွဲစိတ်ကုသပေးခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ရှိ ဆင်းရဲနွမ်းပါးမျက်စိဝေဒနာရှင်များအား ဇေယျာမိုးမြင့်(ကုမ္ပဏီလီမိတက်)မှ (အခမဲ့) စက္ခုအလင်းဒါန စမ်းသပ်ခွဲစိတ်ကုသပေးခြင်း အခမ်းအနားပြုလုပ်








ကြံခင်း၊ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမျက်စိ ဝေဒနာရှင်များအား ဇေယျာမိုးမြင့်(ကုမ္ပဏီလီမိတက်)မှ (အခမဲ့) စက္ခုအလင်းဒါန စမ်းသပ်ခွဲစိတ် ကုသခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရွာသစ်ရပ်ကွက်၊ ပုဂံပြန်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အလှူရှင်များက ကြံခင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု အသီးသီးမှ လာရောက် မျက်စိပြသကြသည့် လူနာများအား မနက်၊ နေ့လယ် ထမင်းထုပ်နှင့် ရေသန့်ဘူးများ လိုက်လံလှူဒါန်း ပေးခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကိုပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ကြံခင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ပေးတဲ့အတွက် အလှူရှင်များနှင့် ဝိုင်းဝန်းကူညီပေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ လူတစ်ယောက်အဓိက အရေးပါတဲ့ မျက်လုံးဟာ ကျန်အရာအစိတ်အပိုင်းထက်အရေးကြီးသည့် အရာဖြစ်သည့်အတွက် နောက်နောင်များတွင် အခုလိုဆက်လက်လှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းစကားပြောကြား ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့််ကုသရေးဦးစီးဌာမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှထွန်းဇော် က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဇေယျာမိုးမြင့်(ကုမ္ပဏီလီမိတက်)မှ အလှူရှင် ဦးဝင်းသူက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကြံခင်းမြို့၌ ယခုလို့မျက်စိဝေဒနာရှင်များအား အခမဲ့ စရိတ်ငြိမ်း  စမ်းသပ်ကုသပေးခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီးနောက် မြို့မိ၊ မြို့ဖ ဦးဝင်းရီက မျက်စိဝေဒနာရှင်များအား ခုလိုလာရောက်လှူဒါန်း ကုသပေးတဲ့ အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သုခစံအထူးကုဆေးခန်းမှ သူနာပြုများက မျက်စိလာရောက်ပြသည့် ပြည်သူ များအား အမည်စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ မျက်စိအထူးကုဆရာဝန်ကြီးနှင့် သူနာပြု ဆရာမများက မျက်စိစမ်းသပ်ကုသပေးနေမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ပြီး မျက်စိစမ်းသပ်ရန်လာရောက်ကြသည့် ဒေသခံပြည်သူများအား နွေးနွေးထွေးထွေး လိုက်လံနှုတ် ဆက်ကာ အားပေးစကားပြောကြားခဲ့သည်။ 

အဆိုပါ မျက်စိဝေဒနာရှင်လာရောက် စာရင်းပေးသူ ၂၇၀ ဦးကျော်ရှိပြီး လာရောက်ပြသသူ ဇွန်လ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းအထိ ၂၁၁ ဦးအား ကြည့်ရှုပေးခဲ့ရာ ကျန်ရှိနေသူများအား ညနေ ပိုင်းအထိ ဆက်လက်ကြည့်ရှုပေးသွားမည်ဖြစ်ကြောင်း၊ ခွဲစိတ်ကုသရန် လိုအပ်သူများကို ပြည်မြို့ရှိ အောင်ဇော်ဦးအထူးကုဆေးခန်းတွင် ဇွန်လ ၂၁ ရက်မှ ၂၂ ရက်အထိ စရိတ်ငြိမ်း  ခွဲစိတ်ပေး သွားမည်ဖြစ်ကြောင်း စက္ခုအလင်းဒါန မျက်စိစမ်းသပ်ကုသရေးတွင် တာဝန်ယူ ကူညီဆောင်ရွက် ပေးလျက်ရှိသည့် သုခစံအထူးကုဆေးခန်းပိုင်ရှင်  ဦးကျော်မင်းသူ ထံမှသိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)