ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီအဆောက်အအုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီအဆောက်အအုံများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၂၉

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရုံးဝင်းအတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား Container House များသို့ ပြောင်းရွှေ့နေရာချထားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ နေထိုင်ရာတွင် သောက်သုံးရေ၊ လျှပ်စစ်မီး၊ မိလ္လာနှင့် အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေး အမြန်ဖြည့်ဆည်းဆောင်ရွက်ရန်၊ အညစ် အကြေးစွန့်ပစ်မှုများ စနစ်တကျ ဖြစ်စေရေးနှင့် တပ်ဆင်တည်ဆောက်ရန် ကျန်ရှိနေမှုများကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ပြောင်းရွှေ့ရန်ကျန်ရှိသော ဝန်ထမ်းများနှင့် မိသားစုဝင်များကို အမြန်ဆုံးနေရာချထားပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံးအနီးတွင် တည်ဆောက်ထားရှိသည့် (၂) ခန်းတွဲ ယာယီအဆောက်အအုံများ၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ တင်ပြချက်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရ မည့်ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)