ပေါင်မြို့နယ်၌ (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အသင်းသားများ၏ ကျောင်းနေသားသမီးများအား ပညာသင်စရိတ်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အသင်းသားများ၏ ကျောင်းနေသားသမီးများအား ပညာသင်စရိတ်ပေးအပ်






ပေါင်၊ ဇွန်  ၃၀

မွန်ပြည်နယ် ပေါင်မြို့နယ်၌  (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများ၏ သားသမီးများအားပညာသင်စရိတ်ပေးအပ်ခြင်းကို  အသင်းများသို့ သွားရောက်၍ ပေးအပ်ခဲ့ရာ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့်ဝန်ထမ်းများ၊ အသင်းစုဥက္ကဋ္ဌ ဦးအေးမင်းနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာအခြေခံသမဝါယမအသင်းများသို့  သွားရောက်၍ ဇွန်လ(၂၅)ရက်နေ့မှ(၃၀)ရက်နေ့အထိ ပေးအပ်ခဲ့သည်။

ပေါင်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများဖြစ်သည့် မြစိမ်းရောင်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းလိမိတက်မှ အသင်းသားများ၏ ကျောင်းနေသားသမီးများ (KGမှ တက္ကသိုလ်အထိ)အား စာရေးကိရိယာများပေးအပ်ခြင်း၊ ရွှေမြင့်မိုရ်လယ်ယာထွက်ပစ္စည်းရောင်းဝယ်ရေးသမဝါယမအသင်းလိမိတက်၊ ရွှေကိန္ဒရီ စတိုးသမဝါယမအသင်းလိမိတက်နှင့် ရွှေအထွေထွေစီးပွားရေးသမဝါယမအသင်းလိမိတက်တို့မှ အသင်းသားများအား စားသုံးဆီတစ်လီတာပေးအပ်ခြင်း၊ ပဒုမ္မာ (ရာဘာ)စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသားများနှင့် ထွန်းထောက်ကြယ်(ဥယျာဉ်ခြံ)စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလိမိတက်တို့မှ အသင်းသားများအား အစုပေါ်အမြတ်နှင့် စာသုံးဆီတစ်လီတာပေးအပ်ခဲ့ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)