ဇွန် - ၉ ( တနင်္လာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိစ်မြို့တွင် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မငြိမ်မသက်မှု နေ့ရက်များကို အဆုံးသတ်ရန် "လိုအပ်သောအရေးယူမှုအားလုံးကို" လုပ်ဆောင်ရန် ပြည်ထောင်စုထိပ်တန်း အရာရှိများကို ညွှန်ကြားထားပြီး အမျိုးသားအစောင့် တပ်ဖွဲ့များချထားရန်နှင့် ရွှေ့ပြောင်း နေထိုင်သူ ရာဇဝတ်သားများရဲ့ "ကျူးကျော်မှု" မှ မြို့ကို လွတ်မြောက်စေရပါမယ်လို့ ကတိပြုလိုက်ပါတယ်။
ဆူပူအုံကြွမှုကို နှိမ်နင်းရန် ဖက်ဒရယ်အေဂျင်စီများနှင့် ညှိနှိုင်းဆောင်ရွက်ဖို့ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်၊ ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆတ်သ် နှင့် ရှေ့နေချုပ် ကမ်ဘွန်ဒီ တို့ကို ထရမ့်က ညွှန်ကြားထားကြောင်းသိရပါတယ်။
“တစ်ချိန်က အမေရိကန်မြို့ကြီးတစ်မြို့ဖြစ်တဲ့ လော့စ်အိန်ဂျလိစ် ကို တရားမဝင် ဂြိုလ်သားတွေနဲ့ ရာဇဝတ်ကောင်တွေက ကျူးကျော်သိမ်းပိုက်တာကိုခံခဲ့ရပါတယ်” လို့ ထရမ့် က Truth Social မှာ တနင်္ဂနွေနေ့က ပို့စ်ရေးတင်ခဲ့ပါတယ်။ "ယခုအခါ အကြမ်းဖက် သောင်းကျန်းသူ လူအုပ်ကြီးက ကျွန်ုပ်တို့၏ ဖယ်ဒရယ်အေးဂျင့်များ တရားမဝင်နေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးခြင်း လုပ်ငန်းများ ရပ်တန့်စေရန် ကြိုးစားပြီး တိုက်ခိုက်နေကြပါတယ်။ ဒါပေမဲ့ အဲ့ဒိ ဥပဒေမဲ့ အဓိကရုဏ်းများက ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်မှုကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ တရားမဝင်သူတွေကို ကျနော်တို့ ရအောင်နှင်ထုတ်မယ်။ နောက်ပြီး အဲ့ဒိလူတွေ လွှမ်းမိုးနေတဲ့ မြို့ကို သူတို့ရဲ့ လက်ထဲကနေ လွတ်မြောက်အောင် လုပ်ပါမယ်" လို့ ရေးတင်ခဲ့ပါတယ်။
ထရမ့်ရဲ့ အဲ့ဒိမှတ်ချက်က ဆန္ဒပြသူများနှင့် ဗဟိုလူဝင်မှုကြီးကြပ်ရေးအေးဂျင့်များကြား နှစ်ရက်ကြာ ထိပ်တိုက်တွေ့ပြီးနောက်တွင်ချခဲ့တာဖြစ်ပြီး အမျိုးသားအစောင့်တပ်သား ၂,၀၀၀ ကို မြို့မှာ တပ်ဖြန့်ချထားရန် ထရမ့်က ခွင့်ပြုပေးခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ မက်ထရိုပိုလီတန် ထိန်းသိမ်းရေးစင်တာ အပြင်ဘက်တွင် ရာနှင့်ချီသော ဆန္ဒပြသူများ စုဝေးနေခြင်းကြောင့် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် တင်းမာမှုများ မြင့်တက်ခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းများတွင် အမျိုးသားအစောင့်တပ်များက အဓိကရုဏ်းအကာအကွယ်များနောက်ကွယ်တွင် ဆန္ဒပြသူများနှင့် ရင်ဆိုင်တွေ့နေရပါတယ်။ မျက်ရည်ယိုဗုံးများ ပစ်လွှတ်ခဲ့ရတဲ့အထိ ဖြိုခွဲရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပေမဲ့ အာဏာပိုင်များက အင်အားသုံးဖြိုခွင်းတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆင်ကတော့ ထရမ့်ရဲ့ အမိန့်က အခြေခံဥပဒေနဲ့ မညီတာကြောင့် အမျိုးသားအစောင့်တပ်တွေကို ပြန်ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုထားပါတယ်။ “ထရမ့် မပါဝင်မချင်း ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး" လို့ X မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။ "ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုဖြစ်ပြီး အမှန်တကယ် လိုအပ်နေတဲ့ အရင်းအမြစ်တွေကို ဆွဲထုတ်စဉ်မှာ တင်းမာမှုတွေ မလိုအပ်ဘဲ တောက်လောင်နေတာပါ"လို့ ဆိုသွားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့မှာ တရားမဝင်နေထိုင်သူ ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ အပတ်က ဝင်ပြီး သလာစီတဲ့အတွက် သောကြာနေ့နဲ့ စနေနေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ အေဂျင်စီဝန်ထမ်းတွေကို တားမြစ်မှုတွေ လုပ်လို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးများ၊ အလင်းဗုံးများ၊ ငရုတ်ကောင်း ဗုံးများသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment