ကောင်းတာလုပ်မှ ကောင်းကျိုးရ ဆိုသလို ဘယ်လုပ်ငန်းခွင်မှာမဆို မိမိလုပ်တဲ့အလုပ်ဟာ အများအတွက် ကောင်းကျိုးဖြစ်စေဖို့ဆိုတဲ့ စေတနာမပါရင် လုပ်ငန်းတစ်ခုဟာ မအောင်မြင်နိုင်ပါဘူး။ မီဒီယာလုပ်ငန်းဆိုသည်မှာလည်း အများကောင်းကျိုးအတွက် ဦးတည်ပြီး လုပ်ဆောင်ရတဲ့ အလုပ် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ၊ နိုင်ငံ့ဝန်ထမ်းယန္တရားနဲ့ ပြည်သူတွေကြားမှာ မလျှော်ကန်တဲ့ မှားယွင်းချွတ်ချော်မှုတွေ ဖြစ်နေရင် မီဒီယာက ဖော်ထုတ်တင်ပြ၊ အများပြည်သူ နစ်နာမှုမရှိအောင် တာဝန်ရှိသူများက တည့်မတ်မှန်ကန်စွာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းအားဖြင့် ကုစားရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဘဝဖြတ်သန်းမှု အခြေအနေအရ ပြောရရင် ငယ်စဉ်က ကျေးလတ်ဒေသမှာ နေတဲ့အတွက် သတင်းစာတွေ၊ ဂျာနယ်တွေဆိုတာ အချိန်မှန်မရောက်ပါဘူး။ တော်တော်လေး ဟောင်းနွမ်းတော့မှသာ ဂျာနယ်တွေ သတင်းစာတွေ ဆိုတာ ရောက်လာတာပါ။ နေ့စဉ် ကြားသိနေရတဲ့ သတင်းတွေက RFA, VOA, BBC တို့က ထုတ်လွှင့်တဲ့ သတင်းတွေကိုပဲ ကြားသိနေရတာ ဖြစ်ပါတယ်။ အိမ်က လူကြီးတွေက နားထောင်တော့ ကိုယ်လည်း ဒီသတင်းဌာနတွေရဲ့ မှိုင်းမိတဲ့အထဲ ပါခဲ့ပါတယ်။ ပြည်သူအများစုမှာ ဒီသတင်းဌာနတွေရဲ့ မှိုင်းကို အနည်းနဲ့ အများဆို မိနေကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အာဘော်က တပ်မတော်နဲ့ ပြည်သူကြား သွေးခွဲတဲ့အာဘော်တွေဆိုတော့ တပ်မတော်အပေါ် အမုန်းတရားတွေ ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ သူတို့တွေရဲ့ အာဘော်တွေကို နားထောင်ပြီး တပ်မတော်ကို ဆန့်ကျင် ပုန်ကန်လိုစိတ်တွေ ပေါ်ပေါက်လာတာလည်း အမှန်ပါပဲ။
ဒါက သူတို့ရဲ့အစွမ်း၊ သူတို့ရဲ့ ဝါဒဖြန့်ချိမှု အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ သူတို့တွေရဲ့ သတင်းတွေကို နားထောင်မိတဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်အသိတရားနည်းခဲ့တဲ့အတွက်ကြောင့် သူတို့ပြောတာတွေသည် ဖြစ်နိုင်၊ မဖြစ်နိုင် မစဉ်းစားဘူး။ မှန်လား၊ မှားလား မခွဲခြားနိုင်ဘူး။ ဒီအပိုင်းမှာ သတင်းကို စားသုံးသူ ပြည်သူများမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည် (Critical Thinking Skills) လိုအပ်ပါတယ်။ ဒါကိုလည်း စာရေးသူအနေနဲ့တော့ မီဒီယာနယ်ပယ်ထဲ ရောက်လာသည်အထိ မသိပါဘူး။ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ပြည်ပက သတင်းစာပညာရှင်တစ်ယောက် ဟောပြောပို့ချတဲ့ သင်တန်းကို နာရီပိုင်းမျှ လေ့လာသူအနေနဲ့ သွားတက်ခဲ့ဖြစ်လို့ ဒါကို သိရှိနားလည်ခဲ့ရပါတယ်။ မီဒီယာရဲ့ အစွမ်းဟာ လူဆိုးကို လူကောင်းဖြစ်အောင် ပုံဖော်နိုင်စွမ်းရှိသလို၊ လူကောင်းကို လူဆိုးလို့ ထင်မြင်လာအောင် ဝါဒဖြန့်ချိနိုင်စွမ်းလည်း ရှိပါတယ်။
ဟောပြောပို့ချသူက ဘာနဲ့ ဥပမာပေးလည်းဆိုတော့ IS အဖွဲ့အတွင်းက အင်္ဂလန်နိုင်ငံသား အကြမ်းဖက်သမားတစ်ယောက်အကြောင်း ပြည်ပမီဒီယာတွေက ရေးသားဖြန့်ဝေမှုပုံစံကို ဥပမာပေးပြီး ပြောထးပါတယ်။ ဒီလူဟာ ဘာလို့ အကြမ်းဖက်သမားဖြစ်သွားရတာလဲဆိုတဲ့အပေါ်မှာ မီဒီယာတွေက သူ့ပတ်ဝန်းက သူ့ကို ခွဲခြားဆက်ဆံလို့၊ သူ့ကို အကြမ်းဖက်သမားဖြစ်အောင် တွန်းပို့တာကတော့ သူ့ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုး အကြမ်းဖက်သမားမှာ အပြစ်မရှိဘဲ ပတ်ဝန်းကျင်ကို ပြစ်တင်တဲ့ ပုံစံမျိုး ရေးသားထားကြတယ်။ ဒါကို ခွဲခြမ်းစိတ်ဖြာပြီး ရှင်းပြတယ်။ ဒါက ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည် (Critical Thinking Skills) ပါပဲ။ IS အဖွဲ့ထဲက အင်္ဂလန်နိုင်ငံသား အကြမ်းဖက်သမားလို့ ပြောလိုက်ရင် မှတ်မိသူလည်း ရှိကောင်းရှိနိုင်တယ်။ အမေရိကန်နိုင်ငံသား၊ ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ ပုဂ္ဂိုလ်၊ မျက်နှာဖုံးစွပ်နဲ့ ဓားကိုင်ပြီး ဓားစာခံကို ခေါင်းဖြတ်မယ်လို့ ဟန်ရေးပြကာ ငွေညှစ်တဲ့ အကြမ်းဖက်သမားဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ သတင်းတွေကို စားသုံးတဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာပြီး မြင်တတ်ဖို့လည်း လိုအပ်တယ်ဆိုတဲ့ အသိပညာကို အနည်းအကျဉ်းမျှ လေ့လာထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ စာရေးသူ အလယ်တန်းကျောင်းသားအရွယ်လောက်မှာ သတင်းစာတွေက VOA, BBC - ရန်တိုက်ပေးနေသည်၊ RFA, DVB - သွေးထိုးနေသည်၊ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား - နားမယောင်လေနဲ့ သတိထား ဆိုတဲ့ သတိပေးချက်အပေါ် ဒါကတော့ အမှန်တရားကို ဖော်ထုတ်နေတဲ့သူတွေကို သက်သက် အပုပ်ချတာပဲလို့ မြင်ခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်ကလည်း နီပိန်း အသိုင်းအဝိုင်းကိုဗျ။ မိမိကိုယ်တိုင် ဒီမီဒီယာနယ်ပယ်ထဲ ရောက်လာတော့လည်း တချိန်မှာ အဲဒီလို သတင်းဌာနကြီးတွေမှာ သွားရောက် အလုပ် လုပ်ကိုင်ချင်တဲ့ စိတ်ကူးက ဖြစ်ခဲ့ဖူးတယ်ဗျ။
အခက်အခဲ အကြပ်အတည်းထဲမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်လာတော့မှပဲ ဒီသတင်းဌာနတွေရဲ့ သရုပ်မှန်ကို ကိုယ်တိုင် သိမြင်နားလည်လာခဲ့ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်ကစလို့ တနိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများမှာ မိမိတို့ကလည်း ကိုယ့်တိုင်းရင်းသားများကို ထိလာတော့ လူကနေပေမယ့် သွေးကစားပြောလာတယ်ဆိုသလို ကိုယ့်တိုင်းရင်းသားများအပေါ် ကျရောက်လာမယ့် အကြမ်းဖက်ဘေးအန္တရာယ်တွေ၊ ကိုယ့်တိုင်းပြည်အပေါ် ကျရောက်လာမယ့် ဖိအားပေးမှုတွေကို လက်မခံနိုင်တော့ဘူး။ အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်လာတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ BBC, VOA, RFA, DVB တို့ရဲ့ သရုပ်မှန်ကို သိမြင်လာတယ်။ လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့အချိန်မှာ ဘင်္ဂါလီ ကို လူမျိုးလိမ်အမည်သုံးပြီး လုပ်စားလာသည်အထိ မရိုးသားတဲ့ လုပ်ရပ်တွေကို မြင်လာရတယ်။ အဲဒီအချိန်ကစလို့ ပြည်ဖျက်မီဒီယာများအဖြစ် စာရေးသူအနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အခမ်းအနားတိုင်းမှာ တခြားအတိုက်အခံဆိုသည်ထက် ပြည်ဖျက်မီဒီယာတွေက လာပြီး အတိုက်အခံလုပ်နေတာမျိုး ကြုံတွေ့ခဲ့ရတာတွေ ရှိပါတယ်။ နောက်တော့ သူတို့ရဲ့ အဆွယ်အပွား ပြည်ဖျက်မီဒီယာ လက်ခွဲတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ Mizzima, The Irrawaddy, Myanmar Now, Khit Thit Media အစရှိသော လက်ဝေခံ ပြည်ဖျက်မီဒီယာတွေက မူလကတည်းက ရှိနေတဲ့ BBC, VOA, RFA, DVB တို့ထက်တောင် ပိုပြီး လက်စောင်းထက်လာတာကို တွေ့မြင်လာရပါတယ်။
အခုတော့ ကမ္ဘာပြားပြီလို့ ဆိုရမလား၊ သံသရာတစ်ပတ်လည်တယ်လို့ ပြောရမလား အမေရိကန်သမ္မတ အပြောင်းအလဲနဲ့အတူ အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှုလျော့ကျလာတာကတော့ သိသာပါတယ်။ အမေရိကန် အခြေစိုက် VOA, RFA သတင်းဌာန နှစ်ခု ပိတ်သွားပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် အင်မတန်ကောင်းတဲ့ အစီအမံဖြစ်ပါတယ်။ ဘာလို့လဲလို့ မေးရင် ဒီသတင်းဌာနတွေက နေ့စဉ်နေ့တိုင်း တပ်မတော်နဲ့ ပြည်သူကြား၊ တိုင်းရင်းသားပြည်သူအချင်းချင်းကြား ရည်ရွယ်ချက်ရှိရှိ ခလောက်ဆန်နေကြတွေကြောင့် ပြည်သူလူထုကြားမှာ အမုန်းတရားတွေ ကြီးထွားလာတယ်။ တပ်မတော်နဲ့ ပြည်သူကြားမှာ မလိုမုန်းထားမှုတွေ များပြားလာတယ်။ ဒီသတင်းဌာန ၂ခုရဲ့ ဂျင်းစကားတွေ နှုတ်ဆိတ်သွားခြင်းဟာ မြန်မာပြည်သူတွေအတွက် များစွာကောင်းမွန်တဲ့အစီအစဉ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။
လက်တလော ကမ္ဘာ့စစ်ရေးအခြေအနေအရ အနောက်အုပ်စုနဲ့ အစ္စလမ်းမစ်နိုင်ငံများ ထိပ်တိုက်တွေ့မယ့် အခြေအနေဆီကို ဦးတည်လာနေပါတယ်။ အစ္စရေးက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တယ်။ အီရန်ကလည်း တုန့်ပြန်တိုက်ခိုက်နေတယ်။ ဒီအခြေအနေကို ဘယ်သူမှ မထိန်းသိမ်းနိုင်ပါဘူး။ ဖြစ်ပေါ်လျက်ရှိသော အခင်းအကျင်းမှာ ပါကစ္စတန်က အစ္စလာမ်းမစ်နိုင်ငံများကို တပ်လှန့်နေပါပြီ။ အီရန်ဘက်ကနေ ပူးပေါင်းပါဝင် တိုက်ခိုက်ကြဖို့ တပ်လှန့်လိုက်ခြင်း ဖြစ်ပါတယ်။ စစ်ရေးအခြေအနေ ပိုပြီးတင်းမာလာသည်နှင့်အမျှ အနောက်အုပ်စုနဲ့ အစ္စလမ်းမစ်နိုင်ငံများ ထိပ်တိုက်တွေ့ဖို့ ပိုမိုနီးစပ်လာတဲ့ အခြေအနေကို ရောက်လာမှာ ဖြစ်ပါတယ်။
အဲဒီတော့ ပြည်ဖျက်မီဒီယာအုပ်စုက အနောက်အုပ်စုရဲ့ ကူညီပံ့ပိုးမှုကို ရယူထားသလို၊ လူမျိုးလိမ်ဝေါဟာရအတွက် အိုအိုင်စီ ထံက အထောက်အပံ့လည်း ရနေတာ ရှိပါတယ်။ လူမျိုးလိမ်နာမည်အတွက် ရတဲ့ငွေကလည်း သူတို့တွေ ရပ်တည်နိုင်လောက်သည်ထက် ပိုမိုများပြားတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ သဘောအားဖြင့် ပြောရရင် Western News သတင်းဌာန က ဝဏ္ဏခွါညို ဆိုသူဟာ DVB သတင်းဌာန လက်ထွက်ပဲ ဖြစ်ပါတယ်။ Khit Thit Media က သာလွန်ဇောင်းထက်တို့လိုပါပဲ။ သို့သော် လူမျိုးလိမ်အမည်ကို လက်မခံတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပေါ်ပေါ်ထင်ထင် မဟုတ်သည့်တိုင်အောင် ကျွန်တော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှု နောက်ကွယ်မှာ သူတို့ ပါဝင်အားဖြည့်ခဲ့ကြတာတွေ ရှိပါတယ်။ သို့သော် ဒီနေ့ ဒီအချိန်မှာတော့ သူက လူမျိုးလိမ်နာမည် သုံးစွဲဖော်ပြရေးသားနေတာကို ကြည့်ခြင်းအားဖြင့် အိုအိုင်စီရဲ့ အထောက်အပံ့ဟာ မနည်းမနောရှိနေလိမ့်မယ်လို့ တွက်ဆနိုင်ပါတယ်။
တစတစနဲ့တော့ အများပြည်သူလည်း ပြည်ဖျက်မီဒီယာတွေရဲ့ သရုပ်မှန်ကို နားလည်လာကြပါပြီ။ မြန်မာပြည် ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးလုပ်ဆောင်ခဲ့တဲ့ တိုင်းပြည်တွေမှာလည်း မငြိမ်မသက်ဖြစ်နေကြပါပြီ။ မြန်မာပြည်က သူတို့ကို ပြတ်ပြတ်သားသား တုန့်ပြန်လို့ မဟုတ်ပါဘူး။ လောကနိယာမအရ တူသောအကျိုးပေးကို ရမှာပဲ ဖြစ်ပါတယ်။ အနောက်အုပ်စုနဲ့ အစ္စလာမ်းမစ်နိုင်ငံများ ထိပ်တိုက်တွေ့တဲ့အခါကြရင်တော့ နိုင်ငံတကာပတ်ပြီး ဘောမနေတဲ့ ပြည်ဖျက်မီဒီယာတွေ ဘယ်ပထွေးဘောကို ပြေးမရမလဲ ဝေဝါး ထွေပြားလာပါလိမ့်မယ်။ စစ်ရေးအခြေအနေ ပိုမို တင်းမာလာသည်နှင့်အမျှ မြန်မာပြည်ကို ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနေတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မီဒီယာတွေလည်း NUG, CRPH အကြမ်းဖက်အဖွဲ့များလည်း ဘယ်ပြေးကပ်ရမလဲ မသိလောက်အောင်ကို အရုပ်ကြိုးပျက် ဖြစ်ရပါလိမ့်မယ်။
သူ့ဆန်စား ရဲရ ဆိုသလို ပြည်ပက ပေးတဲ့အထောက်အပံ့ကိုယူပြီး ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်းကြား အမုန်းတရား ဖြန့်ဝေခဲ့ကြသူတွေ၊ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ တိုင်းရင်းသား ပြည်သူအချင်းချင်းကို ရန်တိုက်ပေးခဲ့ကြတဲ့ ပြည်ဖျက်မိစ္ဆာတွေ RFA, VOA ပိတ်သွားရတဲ့ အခြေအနေကို ထောက်ရှုပြီး နိုင်ငံတကာ အထောက်အပံ့တွေ မရတော့မှာကို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေလောက်ပါပြီ။
နိဂုံးချုပ်အားဖြင့် သူတို့ကို ထောက်ပံ့ပေးကမ်းတဲ့ ပြည်ပနိုင်ငံအများစုဟာ မြန်မာပြည်တွင်းရေး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှာကို မလိုလားကြဘူး။ အဲဒီတော့ အသားထဲက လောက်ထွက် တပ်မတော်အပေါ် အမုန်းအာဃာတ ရှိတဲ့ ပြည်ဖျက်မီဒီယာတွေကို ထောက်ပံ့ပေးကမ်းပြီး ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် ဖန်တီးလုပ်ဆောင်ခြင်းပါပဲ။ နိုင်ငံတကာ နိုင်ငံရေး၊ စစ်ရေးအခြေအနေက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေဘက်ကို မျက်နှာသာမပေးတော့ပါဘူး။ အမုန်းတရားဖြန့်ဝေနေသူတွေကို ပြည်သူအများစုကလည်း မုန်းတီးလာကြပြီ ဖြစ်ပါတယ်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမားတွေရဲ့ ကျဆုံးခန်း နီးသထက် နီးလာပါပြီလေ
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment