မဟာအောင်မြေမြို့နယ်အတွင်း မန္တလေးမြေငလျင်‌ကြီး‌ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ဖြိုချ‌ရှင်းလင်းနေမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ်အတွင်း မန္တလေးမြေငလျင်‌ကြီး‌ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ဖြိုချ‌ရှင်းလင်းနေမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ကြည့်ရှုစစ်ဆေး

 



မဟာအောင်မြေ  ၊ ဇွန် ၁၂


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများအား ဖြိုချရှင်းလင်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။


မဟာအောင်မြေမြို့နယ်အတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စင်္ကြာနွယ်စဥ်ရပ်ကွက်၊ အကွက် (၆၈၃)၊ ၃၅လမ်း၊ ၇၃ × ၇၄လမ်းကြားရှိ ဒေါ်သန်းသန်းအေး၏ RC (၃) ထပ်တိုက်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ အကွက် (၅၂၉)၊ လမ်း၈၀၊ ၃၈ × ၃၉ လမ်းကြားရှိ ဦးကြင်ဟုန်း(ခ)ဦးဝင်းလှိုင်၏ RC (၃) ထပ်တိုက်နှင့် ရတနာဘုမ္မိ အရှေ့ရပ်ကွက်၊ အကွက် (၅၄၃)၊၃၆လမ်း၊ ၈၁×၈၂လမ်းကြား ဦးကျန်ကော်စိုက်၏ RC (၄) ထပ်တိုက်အဆောက်အအုံဖြိုချရှင်းလင်းသည့်နေရာများသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများ ရောက်ရှိပြီး ဖြိုချရှင်းလင်းနေမှု အခြေနေများအား ကြည့်ရှုစစ်‌ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း‌ရေးလုပ်ငန်း‌ ဆောင်ရွက်နေသည့်တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ကြည့်ရှု စစ်ဆေးရာတွင် မဟာအောင်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဆွေလွင်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မဟာအောင်မြေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)